စစ်နိုင်(suran): 07/13/13 စစ်နိုင်(suran): 07/13/13 /* Flying Css3 menu www.bloggertrix.com*/
စစ်နိုင်(suran)blog မှ လှိုက်လှဲစွာကြိုဆိုပါသည်
စစ်နိုင်(suran) မှ လှိုက်လှဲစွာကြိုဆိုပါသည်

မိမိရဲ့ Website မှာ စီးပွားရေး ကြော်ငြာထည့်ရန်အတွက်

Saturday, July 13, 2013

JDK 1.6 (Java Developement Kit) လိုချင်သူများအတွက်



Java နဲ့ ပတ်သက်ပီး ကောင်းကောင်းမွန်မွန်  ပြန်လည်  ရှင်းမပြနိုင်ပေမယ့် လိုအပ်တဲ့
Program softwere တွေကိုတော့ ရှာဖွေတင်ပေးပါ့မယ် ချက်ဘောက်ကနေ  တောင်း
ဆိုလာတဲ့သူငယ်ချင်းအဆင်ပြေမယ်လို့ ထင်ပါတယ် လေ့လာလို့ ၇အောင် မူရင်းဆိုဒ်နဲ့ 
လင့်တွေကို အသေးစိတ်တင်ပြပေးလိုက်ပါတယ်(ကော်ဖီဆို java ပါ).....:P
Programming တွေရေးပီးရင်မျှအုံးနော်(ချစ်သူ ချော့တဲ့ Program လေးရးပေးပါ)

ဒီလင့်မှာdownload ယူပါ   JDK 1.6(Java Developement Kit)
ဒီလင့်မှာလည်းယူနိုင်ပါတယ် JDK 1.52 and JDK 1.6
မူရင်းလင့်မှာလည်းလေ့လာကြည့်ပါ http://www.roseindia.net/

Java Program အကြောင်းသိစေဖို့ နဲ့  လေ့လာလိုသူများအတွက် JDK6.18



Java ဆိုတာဘာလဲလို့  အားလုံးသိကြမယ်လို့ မထင်ပါဘူး ဘာလို့ လည်းဆိုတာ

ကတော့ အခြေခံ ပညာသင်တွေ မလို့ ပါ  ကျနော်လည်း သိလားမေးကြည့်လိုက်

မသိဘူးပဲဖြေမှာပဲ  မသိပဲနဲ့ ဘာလို့  တင်လဲဆိုတော့ လေ့လာလိုသူများ ရှိနေလို့ 

တင်လိုက်တာပါ ကျနော်  ဖတ်ကြည့်တာတော့  နားမလည်ပါဘူး စာအုပ်တွေကို

တော့  ဖတ်ရှုလေ့လာ လို့ ရအောင်   ပြန်တင်ပေးလိုက်ပါတယ်  နားလည်တာကို

နောက်ထား ဖတ်ကြည့်လိုက်တော့ နည်းနည်းပါးပါးတော့ သိလာတယ် လေ့လာ

ဖို့ ကတော့ အချိန်မပေးနိုင်တော့ဘူး  Java နဲ့ ပတ်သက်လို့ ကတော့ မြန်မာဆိုဒ်

များကြီး မတွေ့ ဘူး အရမ်းနက်နဲတဲ့ ပညာတစ်ခုပါဆေးကျောင်းမတက်ဘဲဆေး

ပါရဂူ ဒေါက်တာ  မဖြစ်နိုင်သလို  ကွန်ပျုတာကျောင်းဆင်း မဟုတ်တဲ့ သူလည်း

လည်း  Software Developer  နဲ့  Software Programmer တော့ ဖြစ်လာမှာမ

ဟုတ်ပါဘူး    လေ့လာကြရုံ  ဗဟုသုတ ရှိထားရုံပဲ တင်ပြပေးလိုက်ပါတယ်




JDK ကို ဒီလင့်မှာယူပါ   http://download.fyxm.net/Java-SE-84317.html


စာအုပ်ကို ဒီမှာ download ယူပါ Java Programing (မြန်မာလိုစာအုပ်)

စာအုပ်ကို ဒီမှာ download ယူပါ Java Programing (မြန်မာလိုစာအုပ်)



မြန်မာ ဆိုဒ် ...........http://www.yomatechnologies.com/training/

အင်္ဂလိပ်ဆိုဒ် ...........http://www.javabeginner.com/

Java Program အကြောင်းသိစေဖို့ နဲ့  လေ့လာလိုသူများအတွက် စာအုပ်



ဒီလင့်မှာယူပါ - http://www.mediafire.com/Java သင်ခန်းစာများ

ဒီလင့်မှာယူပါ - http://www.mediafire.com/Java သင်ခန်းစာများ

Web Developer ,Web Designer ၀ါသနာရှင်တွေအတွက် PHP စာအုပ်


PHP ဆိုတာ  Dynamic Web Pages မှာ  အသုံးပြုဖို့ အတွက် ပေါ်ပေါက်လာတဲ့

Scripting Language ဖြစ်ပါတယ် ။ Web Developer ,Web Designer ၀ါသနာရှင်

လူငယ်များ လေ့လာဖို့ ကောင်းတဲ့ Programming  မြန်မာ စာအုပ်တစ်အုပ်ပါ ။


Download = > http://i.minus.com//MM_PHP_

Download = >www.zippyshar.com/ MM_PHP

Java လေ့လာနေသော နည်းပညာသမားများအတွက် သင်ထောက်ကူ စာအုပ်





Dwonload - Teach Java Programming Myanmar Ebook

ဝက်ဆိုဒ်ဒီဇိုင်နာလုပ်ချင်သူများနဲ့ ဆော့ဝဲရေးဆွဲတတ်ချင်သူအတွက်စာအုပ်


ဒီစာအုပ်လေးက အထက်တန်းကျောင်းသား ၉တန်း ဆယ်တန်း သမားအဆင့်အထိ

အခြေခံကျကျ အသေးစိတ်ရေးထားတာမို့ ပရိုဂရမ်ဆွဲတာ ၀ါသနာပါသူများအတွက်

အလွန်အဆင်ပြေစေမယ့်စာအုပ်ပါ ။ သဘောတရားတွေ ရေးဆွဲနည်းနဲ့  ကုဒ်တွေရဲ့

ရည်ညွှန်းချက် တွေကို သဘောပေါက်အောင်  လေ့လာသင့်တယ် ။ အခြေခံကစပီး

အားလုံးအတွက် အသုံးဝင်တဲ့ ဆော့ဝဲတွေ ၊ ၀က်ဆိုဒ်ဒီဇိုင်းတွေ  ရေးဆွဲနိုင်ကြစေဖို့ 

ထပ်ဆင့်မျှဝေလိုက်ပါတယ် ဆော့ဝဲရေးနည်းစာအုပ် အရင်ယူဖတ် ရေးနည်းလေ့လာ

မကြာခင် ဆော့ဝဲရေးတဲ့ C+ တင်ပေးပါ့မယ် ။ အမှန်ဆိုရင် ပရိုဂမ်ရေးဆွဲနည်းတွေနဲ့ 

ဝက်ဆိုဒ် ဒီဇိုင်း ကိုယ်ပိုင်ဆွဲဖို့  HTML အပိုင်းကို  အခြေခံကျကျ  လေ့လာလို့ ရပါပြီ

အခြေခံပညာသင်များ လေ့လာမယ်ဆို အောက်ကလင့်မှာ ယူဖတ်လိုက်ပါ..........။


Download - ပရိုဂမ်ရေးဆွဲနည်း နဲ့ ဝက်ဆိုဒ်ဒီဇိုင်းရေဆွဲနည်း


Programming လေ့လာလိုသော သူများအတွက် Bat ဖိုင်ရေးနည်းအခြေခံ





Download - Bat file programming basic

Programming လေးလာလိုသူအတွက် Turbo C Programmingမြန်မာစာအုပ်





Download - Turbo C Programmingမြန်မာစာအုပ်

Java Platform အကြောင်း

အရှင်းဆုံးပြောရရင် Java Platform ဆိုတာ Java Programming Language နဲ့ရေးထားတဲ့ Application တွေ run နိုင်အောင် ထောက်ပံ့ပေးတဲ့ Development Tools တွေ စုထားတဲ့ အစုအဖွဲ့ တစ်ခုပဲ ဆိုပါတော့။ Hardware-based Platform တွေအပေါ်မှာ Run တဲ့ Software-Only Platform လို့ပြောပါတယ်။ ဒီ့အပြင် Vitual Machine လို့ခေါ်တဲ့ Execution Engine တစ်ခုရယ် ၊အသင့် ရေးထားပေးတဲ့ code တွေပါတဲ့ Class Libraries တွေ ပြီးတော့ Java Programming Language ရယ်ပေါင်းပြီး Java Platform လို့ခေါ်တယ်လို့ဆို ပါတယ် ။

Software တွေ ရေးသားတဲ့ အခါအသုံးပြုတဲ့ Platform ကြီးနှစ်ခုထဲမှာ Java ဟာလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ Microsoft .Net Platform ပဲဖြစ်ပါတယ်။ ကျွန်တော် ကတော့ Java ကိုပဲ စိတ်ဝင်စားတဲ့ အတွက် Java အကြောင်းပဲ သိအောင်ကြိုးစားပါတယ်။
တိတိကျကျပြောရရင် Java Platform ကို အပိုင်းသုံးပိုင်းနဲ့ဖွဲ့စည်းထားပါတယ် ။

1. Java Programming language
2. Java Virtual
3. Application Programming Interfaces(APIs)

ပြီးတော့ Java Platform ကို Edition သုံးပိုင်းခွဲထားပြန်ပါသေးတယ် ။

1. Java Platform Standared Edition(J2SE or Java SE)
2. Java Platform Enterprise Edition (J2EE or Java EE)
3. Java Platform Micro Edition (J2ME or Java ME)

Standard Edition ကို Destop computer များတွင် အသုံးပြုရန် အတွက်ရည်ရွယ်ပြီး ထုတ်လုပ် ခြင်းဖြစ်ပါတယ် ။ Enterprise Edition ကို Internet ကိုအခြေခံတဲ့ Server-side Computing များအတွက် Micro Edition ကို Mobile phone ကဲ့သို့သောသေးငယ်တဲ့ Electronic Device များအတွက်ရည်ရွယ်ပါတယ် ။

Java Platform ကို Product ပုံစံနှစ်မျိုးနဲ့ ထုတ်လုပ်ပါတယ်တဲ့ ။

1. Java Runtime Enviroment (JRE)
2. Java Development Kit (JDK)

Java Runtime Enviroment ဆိုသည်မှာ Java language ဖြင့်ရေးထားသော Application များနဲ့ Applet များကို run ပေးနိုင်ရန် အတွက်လိုအပ်တဲ့ Component များပါဝင်ပြီးCompiler & Debugger ကဲ့သို့သော tools & utilities များမပါဝင်တဲ့ Sun ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ် ။

Java Development Kit ဆိုသည်မှာ JRE မှာပါဝင်တဲ့ component များအားလုံး ပါဝင်သည့်အပြင် Compiler & Debugger ကဲ့သို့သော Tools & Utilities များ ထပ်ပေါင်းထည့်ထားတဲ့ Sun ၏ ထုတ်ကုန် တစ်မျိုးပင် ဖြစ်သည် လို့ဆိုကြပါတယ် ။

java အကြောင်း တစိုးတစိ

Java programming language ရဲ့  ဖခင်ကြီးကတော့ sun microsystem မှ James Gosling ပါပဲ.. ၁၉၉၃-၁၉၉၄ ခုနှစ်ဝန်းကျင် လောက်က James Gosling နဲ့ Bill joy တို့ ရဲ့ လမ်းညွန်မှုနဲ့ အစပြုခဲ့တဲ့ java programming language ဟာ Free Software တစ်ခုအဖြစ် ၁၉၉၅ ခုနှစ်မှာ GNU General Public License. နဲ့ တရားဝင် မွေးဖွားလာခဲ့ပါတယ်.. C , C++ မှ syntax (ရေးသားနည်း) မှ ပြုပြင်ပြောင်းလဲ တိုးတက်လာခဲ့ပါတယ်.. java program တစ်ခု ကို အသုံးပြုနိုင်ဖို့ JVM (java virtual machine) လိုအပ်မှာပါ .. တကယ်တော့ program တစ်ပုဒ်ဆို တာ ကျွန်ပျူတာကို ညွန်ကြားခိုင်းစေဖို့ instruction တွေပဲဖြစ်ပါတယ်.. ကျွန်ပျူတာ တစ်လုံးဟာ electronic device တစ်ခုဖြစ်လို့ သူ့ကိုခိုင်းစေရာမှာ သူနားလည်သော ဘာသာစကားဖြစ်ရမှာပါ .. အဓိက အလုပ်လုပ်တာကတော့ သက်ဆိုင်ရာ အလုပ်လုပ်စေချင်တဲ့ စက်ပစ္စည်းကို power signal ပါဝါ အဖွင့်အပိတ်နဲ့ ခိုင်းစေတာဖြစ်ပါတယ် ..အဲလိုခိုင်းစေ ဖို့ ကျွန်တော်တို့ အနေနဲ့ စက်နားလည်အောင်ပြုလုပ်ပေးခြင်းဟာ power signal ပေးခြင်းပါပဲ ဒါကိုပဲ စက်နားလည်သော ဘာသာစကား (machine language) လို့ခေါ်တာပါ. အဲဒီတော့ တစ်ခါ ပြသနာရှိတာတာက စက်နားလည်ရင်လူနားလည်ဖို ခက်နေပြန်ရော ဒါနဲ့ လူတွေက လူနားလည်သလို program instruction တွေကိုရေးဖို့ လိုအပ်လာပါတယ် .ဒါနဲ့ ပဲ လူနားလည်စေမယ့် simple english ကိုအသုံးပြုထားတဲ့ language တစ်ခုကနေ စက်နားလည်စေမယ့် ဘာသာကိုပြောင်းလဲ ပေးနိုင်မယ့် အကူအညီ ရှိဖို့လိုအပ်လာပါတယ် .. java programming language ဟာ english ဘာသာစကားကနေ စက်ကို ခိုင်းစေနိုင်ဖို့ JVM (java virtual machine) ကနေ ပြောင်းလဲပြီး လူတွေကြို တင်ပြင်ဆင်ထားတဲ့ language ကနေ byte code လို့ ခေါ်တဲ့ JVM နားလည်မယ့် ဘာသာစကားကိုအရင်ပြောင်းလဲ ပြီး JVM မှ စက်နားလည်အောင်ပြုလုပ်ပေးတာဖြစ်ပါတယ်.. ဒါကြောင့် java programming ကိုေ၇းမယ် အသုံးပြုမယ်ဆို၇င် JVM က လိုအပ်မှာပါ.. Java ရဲ့ ထူးခြားချက်ကတော့ JVM သာရှိမယ်ဆို၇င် မတူညီသော operating System (eg window or linux) ပေါ်မှာ JVM version ပြောင်းပေးတာနဲ့ code ကိုထပ်ရေးစရာမလိုပဲ အသုံးပြုနိုင်မှာပါ .. ဒါကိုပဲ java ဟာ multi platform ရတယ်လို့ ပြောကြပါတယ်.. တကယ်တော့ JVM က ဘာသာပြန်တစ်ယောက်လိုပါပဲ .. သူက window operating system အတွက်ဆိုရင် window က နားလည်စေမယ့် အတိုင်းဘာသာပြန်ပေးမှာဖြစ်ပြီး linux အတွက်ဆိုရင်လဲ linux က နားလည်စေမယ့် အတိုင်းဘာသာပြန်ပေးမှာပါ... နောက်ပိုင်းမှာ java ဟာ java ရဲ့ အနာဂါတ်တိုးတက်မှု အတွက်ပူးပေါင်းလုပ်ဆောင်ဖို့ JCP (java community process) အဖွဲ့ကိုဖွဲ့စည်းပြီး တိုးတက်ရေးအတွက် လုပ်ဆောင်လာကြပါတယ်...

ဆော့ဝဲလ် တွေကိုမြန်မာလိုပြင်သုံးမယ်



 
  
 
အမှန် တကယ် ကတော့ အပေါ် ကဟာ က အင်္ဂလိပ် လို့ပဲသုံးလို့ရပါ ဗမာကိုရွေးသုံးလို့ရတဲ့နည်းခုရေးပြပါမယ် လွယ်လွယ်လေးပါ အရင်ဆုံး install လုပ်ထားတဲ့ folder ဆီသွားပါ program files ထဲမှာရှိတာများပါတယ် ပြီးရင် အဲထဲ့က language folder ထဲ့သွားလိုက်ပါ
နာမည် တချို့ကျတော့ lang လို့ပေးထားတယ် အောက်မှာကြည့်ပါ ဖိုင်တွေ တွေ့ပါလိမ့်မယ်

English ကို ကော်ပီပွားလိုက်ပါ ပြီးတော့ note pad နဲ့ဖွင့် အောက်ကလို့ပြင်လိုက်ပါ စိတ်တိုင်းကျဘာသာပြန်ပြီးတော့ save လိုက် ပါ ကျတော် တော့ myanmar လို့ save လိုက်တယ်

ကဲ့ ပြီးရင် setting ထဲ့ဝင်ပြင်ပြီးတော့ သုံးလို့ရပါပြီ ပြီးရင် winrar နဲ့ portable ဖြစ်အောင် လုပ်ပြီးတော့ သူများတွေကိုပေးရင်းဖိန် ပေါ့ဗျာ ကျတော်လုပ်တာလေ ဒီဟာ ဖတ်မိရင်တော့ဆဲခံရမှာမြင်ယောင်သေး။
 

မြဝတီ တိုက်ရိုက်အစီအစဉ်ဖြစ်သော myawady live ကို မိမိ mobile ဖုန်းထဲမှ တိုက်ရိုက်ကြည့်ရှု့နည်း

မြဝတီ တိုက်ရိုက်အစီအစဉ်ဖြစ်သော myawady live ကို မိမိ mobile ဖုန်းထဲမှ တိုက်ရိုက်ကြည့်ရှု့နည်း

မြဝတီတိုက်ရိုက် အစီအစဉ်ကို ကြည့်ရှု့ရန် မိမိ mobile ဖုန်းတွင် Android Version 2.3.6 နှင့်အထက် ရှိရမည်ဖြစ်သည်။ ထို့နောက် IT SuBoo မှ Download ပေးသော VLCPlayer apk ကို
မိမိဖုန်းတွင် Install ပြုလုပ်ရမည် ဖြစ်သည်။ ထို့နောက် mobile ဖုန်းအတွင်းမှ VLCPlayer ၏ ညာဖက်ထိပ်မှ မြှားလေးကိုနှိပ်လိုက်ပါက URL ထည့်ရန်ပေါ်လာမည်။၎င်းထဲတွင် http://www.myawaddy.net.mm/mwdlive   ကို ရိုက်ထည့်ပြီးဖွင့်လိုက်လျှင် မြ၀တီမှလွှင့်သော အစီစဉ်များကို ဖုန်းထဲမှ တိုက်ရိုက်ကြည့်နိုင်ပါသည်။ကျနော်ဆီမှာတော့ ဖုန်းလိုင်းမကောင်းပါသဖြင့် စီဒီ ထစ်သလိုကြည့်နေရပါသည်။ လိုင်းကောင်းသောသူငယ်ချင်းများ အားရပါးရ ကြည့်ကြပါကုန်။

DOWNLOAD HERE VLC Player apk
စစ်နိုင်(suran)ူ
စစ်နိုင်(suran)blog မှ လှိုက်လှဲစွာကြိုဆိုပါသည်
Myanmar Calendar