Java programming language ရဲ့  ဖခင်ကြီးကတော့ sun microsystem မှ James
Gosling ပါပဲ.. ၁၉၉၃-၁၉၉၄ ခုနှစ်ဝန်းကျင် လောက်က James Gosling နဲ့ Bill
joy တို့ ရဲ့ လမ်းညွန်မှုနဲ့ အစပြုခဲ့တဲ့ java programming language ဟာ Free
Software တစ်ခုအဖြစ် ၁၉၉၅ ခုနှစ်မှာ GNU General Public License. နဲ့
တရားဝင် မွေးဖွားလာခဲ့ပါတယ်.. C , C++ မှ syntax (ရေးသားနည်း) မှ
ပြုပြင်ပြောင်းလဲ တိုးတက်လာခဲ့ပါတယ်.. java program တစ်ခု ကို
အသုံးပြုနိုင်ဖို့ JVM (java virtual machine) လိုအပ်မှာပါ .. တကယ်တော့
program တစ်ပုဒ်ဆို တာ ကျွန်ပျူတာကို ညွန်ကြားခိုင်းစေဖို့ instruction
တွေပဲဖြစ်ပါတယ်.. ကျွန်ပျူတာ တစ်လုံးဟာ electronic device တစ်ခုဖြစ်လို့
သူ့ကိုခိုင်းစေရာမှာ သူနားလည်သော ဘာသာစကားဖြစ်ရမှာပါ .. အဓိက
အလုပ်လုပ်တာကတော့ သက်ဆိုင်ရာ အလုပ်လုပ်စေချင်တဲ့ စက်ပစ္စည်းကို power signal
ပါဝါ အဖွင့်အပိတ်နဲ့ ခိုင်းစေတာဖြစ်ပါတယ် ..အဲလိုခိုင်းစေ ဖို့
ကျွန်တော်တို့ အနေနဲ့ စက်နားလည်အောင်ပြုလုပ်ပေးခြင်းဟာ power signal
ပေးခြင်းပါပဲ ဒါကိုပဲ စက်နားလည်သော ဘာသာစကား (machine language)
လို့ခေါ်တာပါ. အဲဒီတော့ တစ်ခါ ပြသနာရှိတာတာက စက်နားလည်ရင်လူနားလည်ဖို
ခက်နေပြန်ရော ဒါနဲ့ လူတွေက လူနားလည်သလို program instruction တွေကိုရေးဖို့
လိုအပ်လာပါတယ် .ဒါနဲ့ ပဲ လူနားလည်စေမယ့် simple english ကိုအသုံးပြုထားတဲ့
language တစ်ခုကနေ စက်နားလည်စေမယ့် ဘာသာကိုပြောင်းလဲ ပေးနိုင်မယ့် အကူအညီ
ရှိဖို့လိုအပ်လာပါတယ် .. java programming language ဟာ english ဘာသာစကားကနေ
စက်ကို ခိုင်းစေနိုင်ဖို့ JVM (java virtual machine) ကနေ ပြောင်းလဲပြီး
လူတွေကြို တင်ပြင်ဆင်ထားတဲ့ language ကနေ byte code လို့ ခေါ်တဲ့ JVM
နားလည်မယ့် ဘာသာစကားကိုအရင်ပြောင်းလဲ ပြီး JVM မှ
စက်နားလည်အောင်ပြုလုပ်ပေးတာဖြစ်ပါတယ်.. ဒါကြောင့် java programming
ကိုေ၇းမယ် အသုံးပြုမယ်ဆို၇င် JVM က လိုအပ်မှာပါ.. Java ရဲ
့ထူးခြားချက်ကတော့ JVM သာရှိမယ်ဆို၇င် မတူညီသော operating System (eg
window or linux) ပေါ်မှာ JVM version ပြောင်းပေးတာနဲ့ code
ကိုထပ်ရေးစရာမလိုပဲ အသုံးပြုနိုင်မှာပါ .. ဒါကိုပဲ java ဟာ multi platform
ရတယ်လို့ ပြောကြပါတယ်.. တကယ်တော့ JVM က ဘာသာပြန်တစ်ယောက်လိုပါပဲ .. သူက
window operating system အတွက်ဆိုရင် window က နားလည်စေမယ့်
အတိုင်းဘာသာပြန်ပေးမှာဖြစ်ပြီး linux အတွက်ဆိုရင်လဲ linux က နားလည်စေမယ့်
အတိုင်းဘာသာပြန်ပေးမှာပါ... နောက်ပိုင်းမှာ java ဟာ java ရဲ
့အနာဂါတ်တိုးတက်မှု အတွက်ပူးပေါင်းလုပ်ဆောင်ဖို့ JCP (java community
process) အဖွဲ့ကိုဖွဲ့စည်းပြီး တိုးတက်ရေးအတွက် လုပ်ဆောင်လာကြပါတယ်...
No comments:
Post a Comment