စစ်နိုင်(suran): 08/08/13 စစ်နိုင်(suran): 08/08/13 /* Flying Css3 menu www.bloggertrix.com*/
စစ်နိုင်(suran)blog မှ လှိုက်လှဲစွာကြိုဆိုပါသည်
စစ်နိုင်(suran) မှ လှိုက်လှဲစွာကြိုဆိုပါသည်

မိမိရဲ့ Website မှာ စီးပွားရေး ကြော်ငြာထည့်ရန်အတွက်

Thursday, August 8, 2013

Firefox မှာ Password တွေကို Java Code လေးနဲ့ ဖော်ကြည့်ပေးတဲ့ နည်းလေးပါ။






ကျွန်တော် အရင်တုန်းကတော့ Gtalk Password Viewer ဆိုပြီး Software လေးတစ်ခုတင်ပေးဖူးပါတယ်ဗျာ။ဒီတစ်ခါတော့ FireFox Password Viewer ဆိုပြီး Java Code လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ကျွန်တော့ ဒီ Code လေးကို သူငယ်ချင်းတွေ အားလုံး ကောင်းတဲ့ နေရာတွေမှာပဲ သုံးစေချင်ပါတယ်ဗျာ။သူတစ်ပါးကို ထိခိုက်နစ်နာစေတဲ့ နေရာမျိုးမှာတော့ အသုံးမပြုစေချင်ပါဘူးဗျာ။ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်အတွက်နဲ့ သူတစ်ပါးထိခိုက်နစ်နာခဲ့မယ် ဆိုရင်တော့ ကိုယ့်ပြုသည့် ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာလိမ့်မယ် ဆိုတဲ့ စကားပုံလေးကိုတော့ မမေ့ပါနဲ့လို့သတိပေးပါရစေဗျာ။ပြီးတော့ ကျွန်တော်ဟာ Hacker တစ်ယောက်လဲ မဟုတ်ပါဘူးဗျာ။Hacking  လဲ စိတ်မ၀င်စားပါဘူးဗျာ။ဒါမဲ့ သိသင့်တယ်ထင်လို့ ကျွန်တော်လေ့လာထားသမျှလေး သူငယ်ချင်းတွေကို ပြန်လည်မျှဝေပေးရတာပါဗျာ။ကဲ သူငယ်ချင်းတွေ စိတ်ဝင်စားမယ်ဆိုရင် ကျွန်တော်ပေးပါ့မယ်ဗျာ။ကျွန်တော် နမူနာအနေနဲ့  FireFox က Gmail မှာ စမ်းပြထားပေးပါတယ်ဗျာ။တစ်ခုတော့ သတိပေးလိုက်မယ်နော်။Password ရိုက်ထားမှ ကြည့်လို့ရမှာနော်။အောက်က ပုံလေး အတိုင်း ကျွန်တော်တို့က အရင် Gmail ကို ၀င်လိုက်တယ်ပေါ့ဗျာ။ပြီးရင် Gmail ထဲကို လုံးဝမ၀င်သေးခင် Firefox ရဲ့ Address Bar မှာ ကျွန်တော် အောက်မှာ ပေးထားတဲ့ Code လေးကို Copy ကူးပြီး Paste ထည့်လိုက်ရင် ကျွန်တော်တို့ Logn In ၀င်ထားတုန်းကပေးထားတဲ့ Password နံပါတ်လေးတွေဟာ အောက်ဆုံးက ပုံလေး အတိုင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်ဗျာ။ကဲ ကျွန်တော် နမူနာ စမ်းထားတဲ့ ပုံလေးတွေ ကိုကြည့်လိုက်ရအောင်ဗျာ။
အပေါ်က ပုံလေးကတော့ ကျွန်တော် နမူနာ Gmail မှာ စမ်းထားတဲ့ပုံလေးပေါ့ဗျာ။အောက်က ပုံလေးကတော့ ကျွန်တော် ပေးထားတဲ့ JavaCode လေးကို Firefox ရဲ့ Address Bar မှာ ကူးထည့်ပြီး ကျွန်တော်တို့ ရိုက်ထားတဲ့ Password နံပါတ်တွေကို ဖော်ပြပေးတဲ့ Box သေးသေးတစ်ခု ကျလာမှာ ဖြစ်ပါတယ်ဗျာ။

အောက်က JavaCode လေးကို ကူးပြီး သင့် Firefox ရဲ့ Address Bar မှာ ကူးထည့်ပြီး Enter ခေါက်လိုက်တာနဲ့ မိမိရဲ့ Password ကို အပေါ်ကပုံလေး အတိုင်း Box လေးနဲ့ ပြမှာဖြစ်ပါတယ်ဗျာ။တစ်ခု သတိပေးလိုက်ပါ့မယ်။ပုံသေတော့ မမှတ်ကြနဲ့နော်။


ကဲ ဒီလောက်ဆိုရင် သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး အကျိုးရှိတဲ့ နေရာလေးတွေမှာ အသုံးပြုလို့ အဆင်ပြေခဲ့မယ်ဆိုရင် ကျွန်တော် အချိန်ကုန်ခံကြိုးစားရကျိုးနပ်ပါပြီဗျာ။အောက်မှာ ကျွန်တော် ဒီ Java Code လေးအတွက်ကို Rar ချုံ့ပြီး ဖိုင်တစ်ခုအနေနဲ့ ယူသွားလို့ရအောင် အောက်မှာ Download Links လေးပေးထားပါတယ်ဗျာ။ယူသွားလိုက်ပါဦးနော်။

ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။
                   (သို့မဟုတ်)
ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။
                                                                                               

မိမိ ရဲ့ကိုယ်ပိုင် Web Site,Blog တွေ စီးပွားရေးကြေငြာတွေကို Mobile Device တွေကနေ ကြည့်လို့ရအောင် မိမိစိတ်ကြိုက် Application လေးဖန်တီးကြည့်ချင်တဲ့ သူတွေအတွက်ပါ။






ကျွန်တော့ Blog လေးမှာတောင် Post တွေ မရေးဖြစ်တာတောင် တော်တော်ကြာသွားပြီဗျာ။မရေးဖြစ်တာလဲ ကျွန်တော် အခု တစ်လောအလုပ်လေး ရှုပ်နေတာနဲ့ Post တွေ မတင်ဖြစ်နေတာပါ။အဲ့ဒီ အတွက် ကျွန်တော့ IT Bank ရဲ့ စာဖတ်ပရိတ်သတ်လေးတွေ အားလုံး နားလည်ပေးကြပါလို့ တောင်းဆိုပါရစေဗျာ။အခု ကျွန်တော် ပြောမဲ့ Post လေးကတော့ Mobile Device တွေ ခေတ်စားနေတဲ့ ခေတ်ကြီးထဲမှာ ကျွန်တော်တို့လို Blogger သမားတွေ Web Development သမားတွေကလဲ ကျွန်တော်တို့ ကြိုးစားပန်းစားလေး အချိန်ကုန်ခံပြီး လုပ်ထားတဲ့ Blog လေးတွေ Web Site လေးတွေကို Mobile Device တွေ Phone တွေကနေတစ်ဆင့် အင်တာနက် ရှိရုံဖြင့် တိုက်ရိုက်ကြည့်ရှုနိုင်အောင် ကိုယ်ပိုင် Mobile Application လေးတွေကို မိမိစိတ်ကြိုက် ဖန်တီးချင်ပါတယ်ဆိုတဲ့ သူတွေအတွက် Web Site Link လေးတွေပါ။ကျန်တာတွေကိုတော့ ကျွန်တော် Post အရှည်ကြီး ဖြစ်သွားမှာ စိုးလို့ မရှင်းပြတော့ပါဘူး။မရှင်းတာရှိရင်တော့ ဒီ Post လေးရဲ့ အောက်မှာ Comment ပေးထားခဲ့လို့ရပါတယ်ဗျာ။ကျွန်တော် အောက်မှာပဲ ဓာတ်ပုံလေးတွေနဲ့ ကော Web Site လိပ်စာလေးနဲ့ပါ သေချာ ဖော်ပြပေးထားပါတယ်ဗျာ။ကျွန်တော် အခုပေးတဲ့ Web Site တွေကတော့ မိမိ Blog တွေ Web Site တွေကို ကိုယ်တိုင် Mobile Application တွေ ဖန်တီးယူရာတွင် အလွယ်ကူဆုံး Web Site လေးတွေပါ။အခြား ဒီထက်ကောင်းတဲ့ Web Site တွေလဲ ရှိချင်လဲ ရှိနေမှာပါ။အောက်က Web Site တွေကတော့ Mobile Device OS တွေဖြစ်တဲ့  Android , iOS , Windows Phone , Java , Black Berry , Symbian , Nokia အစရှိတဲ့ OS သုံး Mobile Device တွေမှာလဲ အသုံးပြုလို့ရအောင် မိမိ စိတ်ကြိုက်ဖန်တီးယူနိုင်ပါတယ်ဗျာ။ ဒီထက်ကောင်းတဲ့ Web Site တွေ ကိုဆက်ပြီး လေ့လာချင်တယ်ဆိုရင်တော့ အောက်က Link လေးကိုသာ Click ထောက်ပြီးတော့ သွားလေ့လာလိုက်ပါနော်။

Google From Mobile App Maker For Web Site Address.......!

http://mobile.conduit.com/
http://mobile.conduit.com/

http://www.appyet.com/
http://www.appyet.com/

https://www.kitapps.com
https://www.kitapps.com
https://www.kitapps.com

http://www.appsgeyser.com/
http://www.appsgeyser.com/
http://www.appsgeyser.com/

http://tiggzi.com/
http://tiggzi.com/
http://tiggzi.com

http://www.apps-builder.com/en/home
http://www.apps-builder.com/
http://www.apps-builder.com/

http://www.mobincube.com/
http://www.mobincube.com/
http://www.mobincube.com/

http://www.mobileappwizard.com/
http://www.mobileappwizard.com/
http://www.mobileappwizard.com/

https://www.capriza.com/
https://www.capriza.com/
https://www.capriza.com/

http://www.appmakr.com/
http://www.appmakr.com/
http://www.appmakr.com/

အဆင်ပြေကြပါစေဗျာ။အော်.....မေ့နေတာ စီးပွားရေး လုပ်ငန်းရှင် သမားတွေလဲ မိမိ စိတ်ကြိုက် Application တွေ ဖန်တီးပြီး ကိုယ့် Company ရဲ့ လိပ်စာတွေ ကိုယ့် Company ရဲ့ ၀န်ဆောင်မှုတွေကို မိမိ စိတ်ကြိုက် ဖန်တီးယူပြီး  Customer တွေကို Mobile Phone တွေကနေ တစ်ဆင့်ကြည့်ရှုပြီး ကိုယ့် Company ကို လူသိများလာအောင် ပြုလုပ်ခြင်းဖြင့်လဲ ဈေးကွက်ကို နည်းလမ်းကောင်း တစ်ခုအနေနဲ့ ချဲ့ထွင်နိုင်ပါသေးတယ်ဗျာ။ကဲ..........ဘာလိုသေးလဲ ဦးကြီးရာ။
                                                                                                                                       ကြိုးစားလျက်.....!

The Lady (မြန်မာစာတမ်းထိုး) Full HD Movie

စစ်နိုင်(suran)



The Lady - ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဇာတ်ကားကို နိုင်ငံတကာမှာ ရုံတင်ပြသပြီးပေမယ့် မြန်မာနိုင်ငံမှာ ယခုအချိန်ထိ ပြခြင်းမရှိသေးတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တပါတယ်...။ Online မှ HD Quality မြန်မာစာတမ်းထိုးဖြင့်ကြည့်ရှုနိုင်ပါပြီ...။

မြန်မာစာတမ်းထိုးဖြင့် ကြည့်ရှုရန်

ရုပ်ရှင်ကြည့်ရှုရန် ကလစ်ပါ

မြန်မာစာတမ်းထိုး မဟုတ်သောလင့်ခ်များမှ ကြည့်ရှုရန်အတွက်
Link - 1
Link - 2
စစ်နိုင်(suran)ူ
စစ်နိုင်(suran)blog မှ လှိုက်လှဲစွာကြိုဆိုပါသည်
Myanmar Calendar