စစ်နိုင်(suran): 07/11/13 စစ်နိုင်(suran): 07/11/13 /* Flying Css3 menu www.bloggertrix.com*/
စစ်နိုင်(suran)blog မှ လှိုက်လှဲစွာကြိုဆိုပါသည်
စစ်နိုင်(suran) မှ လှိုက်လှဲစွာကြိုဆိုပါသည်
မိမိရဲ့ Website မှာ စီးပွားရေး ကြော်ငြာထည့်ရန်အတွက်
Thursday, July 11, 2013
လာပြီ ဘလော့ကာတွေအတွက် ချက်ခန်း (နိုင်ဆိုဒ်တွေနဲ့ဆင်တယ်..ေိေိ)
 အားလုံးးးးးးအားလုံးးး သတင်းကောင်းးပါးလိုက်ပါပြီ..ဗျို့...ဘလော့ကာတွေအတွက်  ချက်ခန်း
အလန်းစားလေးလာပြီ..ရပြီဆိုတာ သတင်းကောင်းပါးလိုက်ပါရစေ.... အရင်ကတည်းက တွေ့တော့တွေ့ဘူးနေတယ်..့ကျွန်တော်လဲ မစမ်းသတ်မိဘူးးဗျာ..
ခုမှဘဲ... ညီတော်မောင်  အောင်လေးး လာသတိပေးလို့ အမှတ်ပြန်ရသွားးတယ်.. လက်တွေ့စမ်းသတ်ပြီးတင်လိုက်ရပါတယ်...အဆင်ပြေမယ်လို့လဲ မျှော်လင့်ပါတယ်.. မပြေလဲ
လာအော်ဗျာ... အစဆုံး  ကူညီပါ့မယ်...ဟဲဟဲ...
ကဲစမယ်....
                   ပထမဆုံး      သည်နေရာလေးကို     သွားလိုက်ကြပါနော်...
အဆင့်  (၁)   အနေနဲ့...အပေါ်က ပုံတိုင်းကျလာမယ်... အဲထဲမှာ မိမိတို့ လိပ်စာ ထည့်ပေးပြီး
                   Try it Today  ဆိုတာကိုကလစ်ပေးလိုက်ပါ။
အဆင့်  (၂)  အေနနဲ့.... အပေါ်ပုံအတိုင်း  လိုအပ်တဲ့ အမည်...အီးမေး..ပါတ်ဝပ်  တွေကို
                 လိုအပ်သလို ဖြည့်ပေးလိုက်ပါနော်...။ အောက်နားမှာ အမှန်ခြစ်ပေးပြီးမှ ကလစ်ပါ။
အဆင့်   (၃)   အေနနဲ့ကတော့ နောက်ဆုံးအဆင့်လို့ ပြောနိုင်ပါတယ်.. သူကတော့ သင်တို့
                    လိုအပ်တဲ့ ချက်ခန်း ကုဒ်တွေ ချပေးတာပါဘဲ..အဲထဲက ကုဒ်တွေကို ကော်ပီယူပါ..
ဝါသနာပါရင်ပေါ့... မသွားးလဲ ခုကျနေတဲ့ ကုဒ်နဲ့ အိုကေပါတယ်.. အနော် စမ်းသတ်ခဲံပါပြီ...သွားးခြင် သွားးပေါ့  ဗဟုသုတရတာပေါ့နော်......အနော်ကတော့ လမ်းဆုံးးထိ လျှောက်ကြည့်ခဲ့တယ်... ရတာပါဘဲ...
ကဲ..ကျေးဇူးပါလို့ မပြောနဲ့တော့.... ဟဲဟဲ....ယူသာယူကြပေတော့....
                ...............ရလာတဲ့ ကုဒ်တွေကို  သည်လိုထည့်ပေးပါ............
   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5. ရလာတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။
Html-4 ရဲ့ Element တွေဆိုင်ရာသင်ခန်းးစာ
HTML Element
ရှေ့ဆုံးအခန်းမှာတော့ Tags တွေနဲ့ Element တွေကွာခြားပုံကို ထပ်ပြီးရှင်းပြမယ်၊ အောက်က စာကြောင်းကိုကြည့်ပါ၊
<p>what the hack is going on with my life</p>
အထက်က စာကြောင်းကို ကြည့်ပြီ Element က ဘယ်အစိတ်အပိုင်းလဲ လို့ မေးရင်၊ စာကြောင်းတစ်ကြောင်းလုံး က Element ပါ၊ <p> အစကနေ </p>
အဆုံးအထိပါ၊ စာသားတွေဖြစ်တဲ့ what the hack is going on with my life ဆိုတဲ့စာသားလဲပါတယ်၊ အဲ့ဒီ့ စာကြောင်းတစ်ကြောင်းလုံး ကိုမှ Element
တစ်ခုလို့ခေါ်တယ်၊ အကြောင်းအရာဖြစ်တဲ့ content ပါမယ်၊ အဲ့ဒီ့ Content ကို ၀ိုင်းထားတဲ့ အဖွင့် အပိတ် Tags တွေပါမယ်၊ ဒါကိုမှ Element
တစ်ခုလို့ခေါ်တယ်၊
<p> နဲ့ </p> တို့က html tags ပါ၊ သူတို့က  Element အဆင့်မဖြစ်သေးပါဘူး၊  သူတို့နဲ့ အတူ အကြောင်းအရာ content ပါလာမှ HTML Element
တစ်ခုဖြစ်လာမယ်၊
HTML Nesting
HTML မှာ Nested Element ဆိုတာရှိပါတယ်၊ Nested Element ဆိုတာ အသိုက်ဖွဲ့ထားတဲ့ ပုံစံရှိတဲ့ Element ပေါ့၊ သူက အများကြီးကို တစ်ခုနဲ့ တစ်ခု
ဝိုင်းထားတယ်၊ Content ကတော့ ခုထဲပါမယ်၊ အောက်က ဥပမာ ကိုကြည့်ပါ၊
<body>
<p><b><i>I am not such a greate guy.</i></b></p>
</body>
အထက်က ဥပမာမှာ content ဖြစ်တဲ့ အကြာင်းအရာ I am not such a great guy ဆိုတဲ့စာသားကို HTML Tags လေးခုနဲ့ဝိုင်းထားပါတယ်၊ <body>
ရယ်၊ <p> ဆိုတဲ့ Paragraph tags ရယ် <b>  ဆိုတဲ့ bold tags ရယ်၊ <i> ဆိုတဲ့ italic tag ရယ်တို့ပါဝင်ပါတယ်၊ ဒီလို အကြောင်းအရာတစ်ခုကို
HTML Tags တွေအများကြီးနဲ့ ၀ိုင်းထားမယ် ဆိုရင် Nested Elment လို့ခေါ်တယ်၊ Nested Element လို့ခေါ်ရင် html tags တွေရော
content ဖြစ်တဲ့စာသားတွေကောအားလုံးပါတယ်၊ ဒီတော့ content တစ်ခုကို HTML tags တစ်ခုထပ်ပိုတဲ့ tags တွေနဲ့ ၀င်းရံပြီး မှတ်သားထားရင်
Markup လုပ်ထားရင် အဲ့ဒီ့ အစုအဝေး တစ်ခုလုံးကို HTML Nested Element လို့ခေါ်တယ်ဆိုတာမှတ်သားပါ၊
Element တွေကို အသုံးပြုထားတဲ့ HTML tags တွေပေါ်မူတည်ပြီး နာမည်ခေါ်ကြတယ်၊ ဥပမာ paragraph tag နဲ့ ၀န်းရံထားတဲ့ content တစ်ခုပါတဲ့
element ကို <p> element လို့ခေါ်မယ်၊ အောက်မှာကြည့်ပါ၊
<p>ငုပ်လျှပ်သာကိုစီ ဆုတ်ကာလွေးတော့သည် ပြီလျှင်ရေမရှာ ခွေးသာကျွေးတော့သည် </p>
အထက်ကHTML Element ကို၊ <p> element လို့ခေါ်တယ်၊
<b>အချိန်ညနေ ဆောင်းအတွင်း အပေါင်းအသင်းနဲ့ ရေခက်လာ</b>
အထက်က HTML Element ကိုတော့ <b> element လို့ခေါ်ပါတယ်၊
<i>မုလေးရုံ တောအစ ဒေါနလမ်းမြေညီ လျှောကျစမ်းရေကြည်တဲ့ ရွှေနှင်းစီကန်ချောင်း
လွမ်းမတတ်စက၀ါ အငူက နံ့သာဖြူလေးမောင့် စံကျောင်း</i>
အထက်က HTML Element ကိုတော့ <i> element လို့ခေါ်ပါတယ်၊
<html>
<body>
<p>This is my first paragraph.</p>
</body>
</html>
အထက်က ဥပမာ တစ်ခုလုံးကတော့ Html element ဖြစ်ပါတယ်၊
အထက်က ဥပမာ တွေကိုကြည့်ပြီး Nested Element ဆိုတာ HTML tags တစ်ခုထပ်ပိုတဲ့ tags တွေနဲ့ ၀န်းရံထားတဲ့ content ပါတဲ့
အစုတစ်ခုကိုခေါ်တယ်ဆိုတာမှတ်ပါ၊ HTML Element တစ်ခုကိုနာမည်တပ်ခေါ်မယ်ဆိုရင် အရင်ထည့်ထားတဲ့ HTML tag ရဲ့
နာမည်ကိုအထူးပြုပြီးခေါ်ရပါတယ်၊
HTML Empty Element
HTML မှာ empty tag တွေလဲရှိတယ်၊  သူတို့မှာ content တွေမပါဘူး၊ <br/> နဲ့ <hr/> တို့က empty element ပါ၊ သူတို့တွေမှာ start tag အဖွင့် ရယ်
close tag အပိတ်ရယ် ဆိုပြီးပါတယ်၊ သူတို့တွေမှာ content မပါဘူး၊ self closing လို့ခေါ်တဲ့ ကို့ဘာသာကိုယ်ပြန်ပိတ်ထားတယ်၊ အဲ့ဒီ့လို tags တွေကိုတော့
HTML Empty Element လို့ခေါ်ပါတယ်၊
HTML Tags တွေက Case Sensitive အမျိုးအစားတွေမဟုတ်ပါဘူး၊ သူတို့ကို စာလုံးအကြီးနဲ့ ရေးလို့ရသလို အသေးနဲ့လဲရေးလို့ရတယ်၊ ဒါပေမယ့် 72coder
ကတော့ အသေးနဲ့ ရေးဖို့အကြံပြုပါတယ်၊
HTML Block Element
HTML မှာစာကြောင်းတွေကိုပိတ်ပစ်တဲ့ Elements တွေရှိတယ်၊ သူတို့ကိုတော့ Block Element လို့ခေါ်တယ်၊ သင် <h1>what is that </1>
လို့ရေးလိုက်ရင် အဲ့ဒီ့ What is that က စာလုံး အကြီးဖြစ်သွားရုံတင်မကဘူး၊ စာကြောင်းတစ်ကြောင်းလုံးကိုပါယူသွားတယ်၊ သူဘေးမှာ
ဘယ်သူ့ကိုမှ နေရာမယူခိုင်းတော့ဘူး၊ သူနောက်က လိုက်ရေးတဲ့စာတွေလဲ တကယ်ဝက်ဆိုက်မှာထွက်လာတော့ သူ့နောက်က
မလာပဲ နောက်တစ်ကြောင်းမှာ ပေါ်လာတယ်၊ ဒါကို block လုပ်ပြစ်တယ်လို့ခေါ်တယ်၊ အဲ့ဒီ့လို သက်ဆိုင်းရာစာကြောင်းကို block လုပ်ပြစ်တဲ့ HTML 
elements တွေကို HTML Block Element လို့ခေါ်ပါတယ်၊ ဥပမာ <h1> <hr> <p> <ul> <table> တို့ပါ၊ နောက်လဲရှိပါသေးတယ်၊
HTML Inline Element
HTML Inline Element ကတော့ Block Element နဲ့ ပြောင်းပြန်ပါ၊ သူတို့နောက်မှာ အခြားစာကြောင်းတွေလိုက်လို့ရတယ်၊ လိုက်ခွင့်ရှိတယ်၊ သူတို့က
စာကြောင်းတစ်ကြောင်းလုံးကို Block elements တွေလိုမောင်ပိုင် မစီးလိုက်ပါဘူး၊ ဥပမာ <b> <i> <code> တို့လိုမျိုး Elements တွေပါ၊ သူတို့က
tags တွေဖြစ်ပေမယ့် အခုက content တွေပါတဲ့ အနေနဲ့ ရှင်းပြနေလို့ Elements တွေလို့သုံးလိုက်တာနော်၊
The HTML <div> Element
The HTML <div> element is a block level element that can be used as a container for grouping other HTML elements.
HTML ရဲ့ <div> Element ဆိုတာက HTML Element အုပ်စုတစ်ခုအနေနဲ့ သုံးလိုတဲ့  HTML Tags များနဲ့ Elements များကို ၀ိုင်းပြီး အုပ်စုတစ်ခုအနေနဲ့
သုံးလို့ရအောင် ဖန်တီးပေးပါတယ်၊  <div> element တစ်ခုကို <div> အဖွင့် နဲ့ </div> အပိတ်တို့ကိုအသုံးပြုပြီးရေးရပါတယ်၊ <div> Element ကို CSS
ဖိုင်တွေအတွက် အဓိက သုံးပါတယ်၊ သက်ဆိုင်ရာ အမျိုးအစားတူညီတဲ့ အလုပ်မျိုး အလှဆင်မူမျိုး style ထုတ်မူမျိုးကို လုပ်ဖို့အတွက် <div> ကိုသုံးပြီး
အလုပ်လုပ်လိုတဲ့အစိတ်အပိုင်းကိုသတ်မှတ်ပါတယ်၊ <div> မှာ အထူးအဓိပ္ပါယ်တော့မရှိဘူး၊ ဒါပေမယ့် <div> သုံးထားတဲ့ အုပ်စုက block level
element ဖြစ်တဲ့အတွက် ရှေ့နဲ့ နောက်မှာ အခြား Element နဲ့ Tag တို့မလာနိုင်အောင်စာကြောင်းကိုဖြတ်ထားပါတယ်၊ ဒါ့ကြောင့် <div> ပါတဲ့စာကြောင်းကို
Browser  ကတွေ့ရင် သူ့ရဲ့ ရှေ့ နဲ့ နောက်မှာ စာကြောင်းခြားပစ်မှာဖြစ်ပါတယ်၊ CSS မှာတော့ <div> ကိုအသုံးပြုပြီး HTML မှာ Table တွေနဲ့
တည်ဆောက်တဲ့ ၀က်ဆိုက် Layout (နေရာချထားပုံ) ကိုဖန်တီးပါတယ်၊
The HTML <span> Element
<span> element ကို တော့ inline element  အဖြစ် HTML Document မှာ စာသားတွေသိုလှောင် တဲ့ နေရာအဖြစ်သုံးပါတယ်၊ <span> element မှာ
တခြားထူးခြားတဲ့ အဓီပ္ပါယ်တော့မရှိပါဘူး၊ CSS မှာတော့ <span> ကိုအသုံးပြုပြီး စာသားအစိတ်အပိုင်းတစ်ခုကို Attributes တွေ သတ်မှတ်ပြီး Style
ထုတ်ဖို့သုံးနိုင်ပါတယ်၊
                                                 မူရင်းလင့်ကိုလေ့လာနိုင်ပါတယ်
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...
Html Text Formating ဆိုတဲ့ စာသားတွေရဲ့ သင်ခန်းစာ
HTML Text Formatting
သင့်ဆိုက်မှာ အသုံးပြုတဲ့စာလုံးတွေကို လိုသလို ပုံစံပြောင်းလို့ရပါတယ်၊ ဒီလိုလုပ်တာကိုတော့ Text Formatting လို့ခေါ်ပါတယ်၊ HTML မှာ Text
Formatting ရဲ့ ကဏ္ဍ ကလဲ ကျယ်ပြန့်လှပါတယ်၊ ဒီသင်ခန်းစာမှာတော့ အသုံး အများဆုံး Text Formatting တွေအကြောင်းလေ့လာသွားရပါမယ်၊
Bold Tag
စာလုံးတွေကို အထူတွေဖြစ်သွားစေချင်ရင်သုံးရတာကတော့ bold tag ဖြစ်တဲ့ အဖွင့် <b> နဲ့ အပိတ် </b> စာလုံးအကြီးဖြစ်စေလိုတဲ့
စာသားရဲ့ ရှေ့နဲ့နောက်တို့မှာရေးရပါတယ်၊ အောက်မှာဥပမာ ကြည့်ပါ၊
what path should i <b>choose</b> in my future life?
အထက်က စာကြောင်းကို Run ကြည့်ပါ၊ choose ဆိုတဲ့စာလုံးရဲ့ ရှေ့နဲ့ နောက်မှာ <b> အဖွင့်နဲ့ </b> အပိတ်တို့ကိုထည့်ထားတဲ့အတွက် အဲ့ဒီ့စာလုံး
choose က စာလုံးထူဖြစ်နေပါလိမ့်မယ်၊
Italic Tag
စာလုံးတွေကို အစောင်း စာလုံး တွေဖြစ်သွားစေချင်ရင်သုံးရတာကတော့ Italic tag ဖြစ်တဲ့ အဖွင့် <i> နဲ့ အပိတ် </i> စာလုံးတစ်စောင်း ဖြစ်စေလိုတဲ့
စာသားရဲ့ ရှေ့နဲ့နောက်တို့မှာရေးရပါတယ်၊ အောက်မှာဥပမာ ကြည့်ပါ၊
what path should i <i>choose</i> in my future life?
အထက်က စာကြောင်းကို Run ကြည့်ပါ၊ choose ဆိုတဲ့စာလုံးရဲ့ ရှေ့နဲ့ နောက်မှာ <i> အဖွင့်နဲ့ </i> အပိတ်တို့ကိုထည့်ထားတဲ့အတွက် အဲ့ဒီ့စာလုံး choose
က စာလုံးတစ်စောင်း ဖြစ်နေပါလိမ့်မယ်၊
Subscripted Tag
တစ်ချို့စာလုံးတွေကိုပုံမှန်စာကြောင်းရဲ့အောက်မှာရောက်စေချင်ရင် subscripted tag ကို သုံးရပါတယ်၊ အဖွင့်ကို <sub> အပိတ်ကို </sub>
လို့ထည့်သုံးရပါတယ်၊ အောက်မှာဥပမာကြည့်ပါ၊
what path should i <sub>choose</sub> in my future life?
Superscripted Tag
တစ်ချို့စာလုံးတွေကိုပုံမှန်စာကြောင်းရဲ့ အပေါ်မှာရောက်စေချင်ရင် superscripted tag ကို သုံးရပါတယ်၊ အဖွင့်ကို <sup> အပိတ်ကို </sup>
လို့ထည့်သုံးရပါတယ်၊ အောက်မှာဥပမာကြည့်ပါ၊
what path should i <sup>choose</sup> in my future life?
အထက်က ကုတ်ကို Run ကြည့်လိုက်ရင် choose က စာကြောင်းရဲ့  အပေါ်ဖက်ကို ရောက်နေပါလိမ့်မယ်၊
Text Formatting
အောက်မှာ အသုံးဝင်မယ့် Text formatting တွေကို ဇယားနဲ့ ရေးပေးလိုက်မယ်၊ အောက်မှာရေးထားတာတွေကို တစ်ခုစီစမ်းကြည့်ပါ၊ အပိတ်မှာ
မျဉ်းစောင်းခံဖို့တော့မမေ့နဲ့၊
 သုံးရမယ့် Tags များ အဓိပ္ပါယ်၊
 <br>   </b> စာလုံး အထူဖြစ်စေလိုရင်သုံးရန်၊ စာလုံး အထူဖြစ်စေလိုတဲ့စာသားရဲ့ ရှေ့မှာ <b> ထည့်၍ နောက်မှာ </b> ထည့်ရန်၊
 <big> </big> စာလုံး အကြီးဖြစ်စေလိုရင်သုံးရန်၊ စာလုံး အကြီးဖြစ်စေလိုတဲ့ စာသားရဲ့ ရှေ့မှာ <big> လို့ထည့်၍ နောက်မှာ </big> လို့ထည့်ရန်၊
 <em> </em> အလေးအနက်ဖြစ်စေလိုရင် သုံးရန်၊ အရေးကြီးကြောင်း အလေးအနက် ဖြစ်စေလိုတဲ့စာလုံးရဲ့ ရှေ့မှာ <em> ထည့်၍ နောက်မှာ </em> ထည့်ရန်၊
 <i> </i> စာလုံးတစ်စောင်း ဖြစ်စေလိုရင်သုံးရန်၊ စာလုံးတစ်စောင်းဖြစ်စေလိုတဲ့ စာသားရဲ့ ရှေ့ မှာ <i> ထည့်၍ နောက်မှာ </i> ထည့်ရန်၊
 <small> </small> စာလုံး အသေးဖြစ်စေလိုရင်သုံးရန်၊ စာလုံး အသေးဖြစ်စေလိုတဲ့ စာသား ရဲ့ ရှေ့မှာ <small> ထည့်၍ နောက်မှာ </small> ထည့်ရန်၊
 <strong> </strong> စာလုံး အထူဖြစ်စေလိုရင်သုံးရန်၊ စာလုံး အထူဖြစ်စေလိုတဲ့စာသားရဲ့ ရှေ့မှာ <strong> ထည့်၍ နောက်မှာ </strong> ထည့်ရန်၊
 <sub> </sub> စာလုံးတစ်လုံး (သို့) စာတစ်ကြောင်းကို သာမန်စာကြောင်းရဲ့ အောက်ကိုရောကိသွားစေချင်ရင် စာလုံးရဲ့ရှေ့မှာ <sub> ထည့်၍ နောက်မှာ </sub>ထည့်ရန်
 <sup> </sup> စာလုံးတစ်လုံး (သို့) စာတစ်ကြောင်းကို သာမန်စာကြောင်းရဲ့ အထက် ကိုရောကိသွားစေချင်ရင် စာလုံးရဲ့ရှေ့မှာ <sup> ထည့်၍ နောက်မှာ </sup>ထည့်ရန်
Html-2 ၇ဲ့... Heading ခေါင်းစဉ် သင်ခန်းစာ
html_2
HTML  heading
သတင်းစာတွေမှာ ခေါင်းစဉ်စားလုံးကိုအကြီးနဲ့ရေးကြပါတယ်၊ ဒီလိုပဲ သင့်ဝက်ဆိုကမှာလဲ ခေါင်းစဉ်စာလုံးတွေကို 
စာလုံးအကြီးနဲ့ ရေးလိုရပါတယ်၊ စာလုံး 
အကြီး တွေကို 1 က နေ 6 အထိ တဖြည်းဖြည်း သေးသွားတယ်၊ h1 က အကြီးဆုံးဖြစ်ပြီး h6 က အသေးဆုံး၊ 
HTML Tag တွေရဲ့သဘာဝအတိုင်း သူတို့အား
လုံး မှာ အဖွင့်အပိတ်ဆိုပြီးရှိကြတယ်၊ အောက်က ဥပမာ ကို ကြည့်၊
<!DOCTYPE html>
<html>
<head>
<title>My Web Page </title>
</head>
<body>
<h1> ခေါင်းစဉ်အရွယ်အစား 1 စာလုံး </h1>
<h2> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h2>
<h3> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h3>
<h4> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h4>
<h5> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h5>
<h6> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h6>
</body>
</html>
အထက်က ဥပမာ ကို Run လိုက်ပါ၊ ဒါဆိုရင်တော့ သင့်ဝက်ဆိုက်စာမျက်နှာမှာ မတူညီတဲ့ အရွယ်အစားရှိတဲ့ စာလုံးတွေပေါ်လာမယ်၊ အဲ့ဒီ့ ကနေ ခေါင်းစဉ်
စာလုံး တွေကို ဘယ် အရွယ်အစား သုံးချင်လဲ သုံးသင့်လဲ ဆိုတာကို နမူနာယူပါ၊ နောက်ပိုင်းရေးတဲ့အခါ ကျရင်တော့ သင်ကြိုက်တဲ့ ခေါင်းစဉ်အရွယ်အစား
သုံးပြီးရေးနိုင်တယ်၊ သတိထားရမှာက အဖွင့်အပိတ် နှစ်ခုလုံးပါအောင်ရေးဖို့ပဲ၊
Headings Are Important
တချို့တွေက စာလုံးကြီးရင်ပြီးရောဆိုပြီး Strong Tag , Bold Tag နဲ့ Font size တွေ သုံးပြီး ခေါင်းကြီးစာလုံးတွေကို ပြုပြင်ကြပါတယ်၊   ခေါင်းကြီးစာလုံးရဲ့ 
heading Tags ကိုတော့ မသုံးကြတော့ဘူး၊ 72coder က အကြံပြုချင်တာကတော့ ခေါင်းစဉ်အတွက် heading tag တွေကိုပဲသုံးပါ၊ ဒါမှမဟုတ်ရင်ဖြင့်နောက်
ပိုင်း စာမျက်နှာတွေအများကြီးပါတဲ့ ဆိုက် ကြီးတွေကို CSS သုံးပြီး အလှဆင်ရင်ပြသနာဖြစ်တတ်ပါတယ်၊ ဒီ့အပြင် heading Tag တွေနဲ့ ၀ိုင်းထားတဲ့စာ
သားတွေ ကို browser ကတွေ့ရင် အဲ့ဒီ့ heading tag မှာပါတဲ့စာသားရဲ့ ရှေ့နဲ့ နောက်မှာ နေရာလွတ်ကိုအလိုလျှောက်ချန်ပေးထားတယ်၊ နေရာလွတ်ဆိုတာ
တခြား စာသားတွေမကြူးကျော်လာနိုင်အောင်မျဉ်တာပေးထားတာ၊ မျဉ်းကိုတော့မတွေ့ရပါဘူး၊ ဒါပေသည့်ရှိပါတယ်၊
နောက်အရမ်းအရေးကြီးတဲ့အချက်က Search enging ဖြစ်တဲ့ Google တို့ Yahoo တို့က သင့်ရဲ့ ဆိုက်ရှိ အကြောင်းအရာတွေကို ရှာဖွေတဲ့အခါမှာ သင့်ဝက်
ဆိုက်ရဲ့ heading ခေါင်းစဉ်ကို မူတည်ပြီးရှာပါတယ်၊ ဒါကြောင့် heading tag မသုံးရင် Search engine က သင့်ဆိုက်ကိုရှာရတာ ခက်ခဲပါတယ်၊
သင့်ဆိုက်ကို ၀င်ရောက်လေ့လာသူတွေအနေနဲ့လဲ ခေါင်းစဉ်ကို ရှာပြီး သူလိုအပ်တဲ့ အကြောင်းအရာ ဟုတ်လားမဟုတ်လားကိုအလွယ်တစ်ကူဆုံးဖြတ်နိုင်မှာပါ၊
အရေးကြီးရင် ကြီးသလို heading tags တွေကို ချိန်ပြီးသုံးနိုင်ပါတယ်၊ သိပ်အရေးကြီးတယ်ဆိုရင်ဖြင့် အရေးကြီးတဲ့စာသားကို h1 နဲ့ ရေး၊ ခေါင်းစဉ်မှန်
သမျှကိုတော့ heading tags ထည့်ဖြစ်အောင်ထည့် ဒါမှ အသုံပြုသူတွေက အကြောင်းအရာတစ်ခုကိုရှာမယ်၊ အဲ့ဒီ့ အကြောင်းအရာက သင့်ဝက်ဆိုက်မှာ
ပါတယ်ဆိုရင် Search Engine က သင့်ဝက်ဆိုက်ကို အလွယ်လေးရှာတွေ့မှာ၊
HTML Link
HTML မှာ လင့်တွေထည့်လို့ရတယ်၊ ဥပမာ သင် ရဲ့ ၀က်ဆိုက်စာမျက်နှာကနေ အခြား ၀က်ဆိုက်စာမျက်နှာကို လှမ်းညွန်းလို့ရတယ်၊ လင့်ထည့်ဖို့အတွက်
သုံးရတဲ့ HTML tag ကတော့ <a> tag ပါ၊ အဖွင့်ကို <a> လို့ရေးပြီး အပိတ်ကိုတော့ </a> လို့ရေးပါတယ်၊ ဥပမာ သင့်ဆိုက်မှာ 72coder.com ဆိုက်ကို
လင့်ချိတ်မယ်ဆိုရင် အဖွင့် HTML Link tag ရဲ့အတွင်းမှာ ချိတ်မယ့်ဆိုက်ရဲ့နာမည်ကိုရေးပေးရတယ်၊ ချိတ်မယ့်ဆိုက်ရဲ့နာမည်ကိုရေးတဲ့အခါ href လို့ခေါ်တဲ့
hyper reference ကိုပါထည့်ရတယ်၊ အောက်မှာကြည့်ပါ၊
<a href= “72coder.com”>ဒီဆိုက်ကိုသွားလည်ပါ</a>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်ဖြင့် ဒီဆိုက်ကိုသွားလည်ပါဆိုတဲ့စာသားကို အပြာရောင်နဲ့ ရေးထားတာတွေ့မယ်၊ အပြာရောင်ရဲ့သဘောကတော့
အဲ့ဒီ့စာသားမှာ လင့်ပါတယ် ဆိုတဲ့သဘောပါ၊ အဲ့ဒီ့စာသားကို နှိပ်လိုက်ရင် (အင်တာနက်ချိတ်ထားရင်) 72coder.com site ကို သင့်ကိုခေါ်သွားလိမ့်မယ်၊
ဒါကတော့ သင့်ဆိုက်မှာ လင့်ချိတ်တဲ့ပုံပါ၊ သုံးတဲ့ HTML Tags က <a> နဲ့ </a> တို့ပါ၊ အဖွင့် <a> ရဲ့အတွင်းမှာ href= “ ” လို့ထည့်ပေးပြီး နှစ်ထပ်ကော်မာ
ရဲ့ ကြားမှာတော့ သင်လင့်ချိတ်လိုတဲ့ ဆိုက်ရဲ့နာမည်ကို ထည့်ရပါတယ်၊ “ဒိဆိုက်ကိုသွားလည်ပါ” ဆိုတဲ့စာသားကိုတော့ သင်စိတ်ကြိုက် လိုအပ်တဲ့စာသားရေး
လို့ရတယ်၊ အဲ့ဒီ့စာသားက ၀က်ဆိုက်စာမျက်နှာမှာ ပေါ်မယ့်စာသား၊
အထက်မှသုံးခဲ့ href = “ ” ကတော့ target link ဖြစ်ပါတယ်၊ သူ့အကြောင်းကိုတော့ နောက်ပိုင်း  HTML Link တွေကို အသေးစိတ်ရှင်းပြရင် ထည့်သွင်းရှင်းပြ
ပေးပါမယ်၊
Html-1 သင်ခန်းစာ
html_1
HTML Basic Form or Frame
HTML မှာ အခြေခံတည်ဆောက်ပုံရှိတယ်၊ HTML ရဲ့ Frame လို့ခေါ်တယ်၊ HTML Document တစ်ခုကိုရေးတိုင်း HTML Frame
ကပါကိုပါရမယ်၊ အောက်မှာ အခြေခံ HTML Frame ကိုတည်ဆောက်ပုံကို တဆင့်စီရှင်းပြမယ်၊
ပထမအဆင်
 ဒီအဆင့်မှာတော့ အခုရေးမှာက HTML Document ဖြစ်ကြောင်း ကိုပြောတဲ့ Document type ဆိုတဲ့ Document အမျိုးအစားကို HTML ကို
ဘာသာပြန်မယ့် browser ကသိအောင် မိတ်ဆက်မယ်၊ ဒီအတွက်သုံးတဲ့ သင်္ကေသကတော့ <!DOCTYPE html> ပါ၊ <!DOCTYPE html> သင်္ကေသ
ကို သင်ရေးတဲ့ HTML Document တိုင်းရဲ့ ထိပ်ဆုံးမှာထည့်ပေးရပါတယ်၊ ဒါမှ အဲ့ဒီ့ စာမျက်နှာကို ဘာသာပြန်မယ့် web browser က ဘယ်လို Doucment
အမျိုးအစားလဲဆိုတာကို သိပြီး လွယ်လွယ်ကူကူ ဘာသာပြန်နိုင်မယ်၊
ဒုတိယ အဆင့်           
ဒီအဆင့်မှာတော့ အခုက စလို့ HTML ဖိုင်ကိုစရေးပါပီလို့ကြေငြာ ဖို့အတွက် HTML Tags ကိုထည့်ပေးရမယ်၊ အဖွင့်နဲ့ အပိတ် နှစ်ခုရှိတယ်၊ အောက်မှာ
ထည့်ပုံကိုကြည့်၊
<!DOCTYPE html>
<html>
</html>
အထက်မှာတော့ အဖွင့်နဲ့ အပိတ် HTML Tags တွေကိုထည့်လိုက်တယ်၊ အပိတ်မှာ forwards slash (ရှေ့ ကိုစောင်းနေတဲ့ မျဉ်းစောင်း ပါတာကို သတိပြုပါ၊)
  <html> နဲ့ </html> တို့ကိုတော့ web borwser က HTML ဖိုင်ကို <html> ဆိုတဲ့ နေရာကစပြီး </html> အထိ အားလုံးက HTML ဖိုင်ဖြစ်ပါတယ်လို့
အသိပေးလိုက်တာ၊ နောက်ပိုင်း ရေးသမျှ HTML Tags တွေကော စာသားတွေကောကိုပါ၊ <html> အဖွင့်နဲ့ </html> အပိတ်တို့ကြားမှာရေးရမယ်၊
တတိယ အဆင့်
ဒီအဆင့်မှာတော့  HTML Doucment ရဲ့ ခေါင်းကြီးပိုင်း ကိုသတ်မှတ်မယ်၊ ခေါင်းကြီးပိုင်းဖြစ်တဲ့ heading ရဲ့ ကိုစားပြု HTML tags က  အဖွင့် <head> နဲ့
အပိတ် </head> တို့ပါ၊  သူတို့ကို <html> နဲ့ </html> တို့ကြားထဲမှာထည့်ရေးရတယ်၊ အောက်မှာကြည့်ပါ၊
<!DOCTYPE html>
<html>
<head>
</head>
</html>
အထက်မှာတော့ ခေါင်းကြီးပိုင်း သတ်မှာတဲ့ HTML tags တွေဖြစ်တဲ့ အဖွင့် <head> နဲ့ အပိတ် </head> တို့ကိုရေးပြီးသွားပါပီ၊ သူတို့ သာလျှင်မက အခြား
မည်သည့် HTML Tags တွေကိုမဆို <html> နဲ့ </html> တို့ကြားထဲမှာထည့်ရေးရမယ်၊
စတုတ္ထအဆင့်    
 ဒီအဆင့်မှာတော့ ခေါင်းစဉ်ကိုတပ်မယ်၊ ခေါင်း ကြီးပိုင်းနဲ့ ခေါင်းစဉ်နဲ့ မတူပါဘူး၊  ခေါင်းစဉ် Title တပ်ဖို့အတွက် သုံးရတဲ့ HTML Tags ကတော့ အဖွင့်
<title> နဲ့ အပိတ် </title> တို့ပဲဖြစ်ပါတယ်၊ ခေါင်းစဉ် Tags တွေကိုတော့ ခေါင်းကြီးပိုင်း Tags  တွေဖြစ်တဲ့ <html> နဲ့ </html> တို့ရဲ့ ကြားမှာထည့်ရ
ပါတယ်၊ အောက်မှာကြည့်ပါ၊
<!DOCTYPE html>
<html>
<head>
<title>My Web page </title>
</head>
</html>
အထက်က ကုတ်မှာ ခေါင်းစဉ်ဖြစ်တဲ့ My Web Page ကို ခေါင်းစဉ် tags တွေဖြစ်တဲ့ <title> နဲ့ </title> ရဲ့ကြားမှာထည့်ထားတာကိုတွေ့ရမယ်၊ ခေါင်းစဉ်
နဲ့ ပတ်သတ်တဲ့ Element ကိုတော့ ခေါင်းကြီးပိုင်း Tags တွေဖြစ်တဲ့ <head> နဲ့ </head> တို့ရဲ့ ကြားမှာ ထားကိုထားရမယ်၊
ပဉ္စမ အဆင့်
 ဒီအဆင့်ကတော့ သင်ရဲ့ ၀က်ဆိုက်တစ်ခုလုံးကိုပေါ်စေတဲ့ အပိုင်းပါ၊ သင်မြင်တွေ့နေရတဲ့ ၀က်ဆိုက်မှန်သမျှက ဒီအစိတ်အပိုင်းက နေလာပါတယ်၊ သူ့
ကိုတော့ body လို့ခေါ်တယ်၊ သူ့ကိုရေးရာမှာ အသုံးပြုတဲ့ HTML Tags ကတော့ အဖွင့် <body> နဲ့ အပိတ် </body> တို့ပါ၊ သူတို့ကိုတော့ ခေါင်းကြီးပိုင်း
Tag  ရဲ့ အဆုံးဖြစ်တဲ့ </head> ရဲ့ အောက်မှာထည့်ပါတယ်၊ အောက်မှာကြည့်ပါ၊
<!DOCTYPE html>
<html>
<head>
<title>My Web Page </title>
</head>
<body>
</body>
</html>
အထက်က HTML ဖိုင်မှာ <body> နဲ့ </body>  တို့ကို ခေါင်းကြီးပိုင်း Tag အဆုံးဖြစ်တဲ့ </head> ရဲ့နောက်မှာထည့်လိုက်ပါပီ၊ နောက်ပိုင်းသင့်
ဝက်ဆိုက်ရဲ့စာမျက်နှာမှာ ပေါ်လိုသမျှ စာသား ပုံ လင့် ဇယား မှန်သမျှကို အဲ့ဒီ့ <body> အဖွင့်နဲ့ </body> အပိတ်တို့ကြားမှာရေးပါတယ်၊
အထက်က ကုတ်တွေရဲ့ အဖွင့် <body> နဲ့ အပိတ် </body> တို့ကြားမှာ စာတစ်ကြောင်းလောက်ထည့်လိုက်မယ်၊ ထည့်မယ့်စာကြောင်းကို Paragraph
စာပိုဒ် အနေနဲ့ထည့်မယ်၊ အောက်မှာကြည့်ပါ၊
<!DOCTYPE html>
<html>
<head>
<title>My Web Page </title>
</head>
<body>
<p> Howddy Buddy! This is my Site </p>
</body>
</html>
အထက်က  HTML Document ကို Run လိုက်ရင်အောက်ပါအတိုင်းစာမျက်နှာကိုရေရှိပါမယ်၊
အထက်က ပုံကတော့ ရေးခဲ့တဲ့ ကုတ်တွေကို Run လိုက်ရင်ရမယ့် Web page ပါ၊ (ပုံကတော့ သေးအောင်ချုံ့ထားတာ)၊
အစိမ်းရောင် မြားပြထားတဲ့ နေရာကတော့ သင်ကုတ်တွေရေးတုံးက ခေါင်းစဉ်နေရာမှာ <title>My Web page</title> လို့ရေးခဲ့တဲ့အပိုင်းကို
ကိုစားပြုတဲ့ ခေါင်းစဉ်စာသားပါ၊ Web browser က ဘာသာပြန်ပြီးခေါင်းစဉ်ရှိရမယ့် နေရာဖြစ်တဲ့ မြားစိမ်းပြထားတဲ့ နေရာကိုပို့လိုက်တာ။ ဒီတော့ အဖွင့်
<title> နဲ့ အပိတ် </title> တို့ကြားမှာ ဘာရေးရေး တကယ့် ၀က်ဆိုက်မှာ ဖွင့်ကြည့်ရင် အဲ့ဒီ့ရေးထားတဲ့ စာသားတွေပေါ်မယ့်နေရာက
အစိမ်းရောင်မြားပြထားတဲ့နေရာပါ၊
အနီရောမြားပြထားတဲ့နေရာကတော့ သင့်ဝက်ဆိုက် ရဲ့နာမည်ပေါ်မယ့်နေရာပါ၊ ဥပမာ 72coder.com က သင့်ဝက်ဆိုက်နာမည်ဆိုရင် အဲ့ဒီ့
အနီရောင်မြားပြထားတဲ့နေရာမှာ 72coder.com လို့ပေါ်နေမယ်၊ အခုတော့ ကွန်ပြူတာထဲမှာပဲ Run ထားတဲ့ အတွက် ကွန်ပြူတာထဲရှိ HTML Document
သိမ်းထားတဲ့နေရာကိုပဲပြနေပါတယ်၊
အနက်ရောင်မြားပြထားတဲ့ နေရာ (အဲ့ဒီ့အဖြူရောင်မျက်နှာပြင်တစ်ခုလုံး) ကတော့ သင် HTML Frame ကိုရေးတုန်းက အဖွင့် <body> နဲ့ အပိတ် <body>
ကြားမှာ ရေးခဲ့တဲ့ Howddy Buddy! This is my site ဆိုတဲ့စာသားပေါ်နေမယ့်နေရာပါ၊ သင် အဖွင့် <body> နဲ့ အပိတ် </body>
တို့ကြားထဲမှာဘာပဲရေးရေး အဲ့ဒီ့ မြားအနက်ရှိတဲ့ အဖြူရောင်မျက်နှာပြင်မှာပေါ်မှာပါ၊ ဒီသင်ခန်းစာကိုသေချာနားလည်အောင် လေ့လာပါ
Html အကြောင်းသိကောင်းစရာများ
What is HTML
HTML ဆိုတာ ၀က်ဆိုက်စာမျက်နှာတွေကို ဖော်ပြဖို့အတွက်သုံးတဲ့ ဘာသာပါ၊ HTML ဆိုတဲ့ စကားလုံးမှာ အက္ခရာ တစ်လုံးစီမှာ အဓိပ္ပါယ်ရှိပါတယ်၊ H က
Hyper ဆိုတဲ့စာလုံးအတွက်ရပ်တည်တယ်၊ T က Text ဆိုတဲ့ စာလုံးအတွက်ရပ်တည်တယ်၊ M က Markup ဆိုတဲ့စာလုံးအတွက်ရပ်တည်တယ်၊ L က
language ဆိုတဲ့စာလုံးအတွက်ရပ်တည်တယ်၊ အားလုံးကို ပေါင်းရေးရင် အတိုကောက် ပုံစံက HTML ဖြစ်ပြီး မူရင်းပုံစံက Hyper Text Markup
Language ဖြစ်တယ်၊ HTML က Programming ဘာသာရပ်မဟုတ်ပါဘူး၊ သူက Markup ဆိုတဲ့ အမှန်အသားပြုလုပ်တဲ့ ဘာသာပါ၊ အမှတ်အသားဆိုတာ
<h> ဆိုရင်ခေါင်းစဉ်လို့သတ်မှတ်တယ်၊ <p> ဆိုရင် စာပိုက်လို့သတ်မှတ်တယ် စသဖြင့် အမှတ်အသားလုပ်တဲ့ ဘာသားဖြစ်လို့ သူ့ကို Markup Language
လို့ခေါ်ပါတယ်၊ Markup Language လို့ခေါ်တဲ့ အမှတ်အသားပြုလုပ်တဲ့ ဘာသာရပ်ကို မတူညီတဲ့ မှတ်သားမူတွေပြုလုပ်တဲ့ သင်္ကေသတွေနဲ့ ဖွဲ့ စည်းထား
တယ်၊ အဲ့ဒိ့ မတူညီတဲ့ အမှတ်အသား သင်္ကေသတွေကို Markup Tags လို့ခေါ်တယ်၊ 
Markup Tags
အဲ့ ဒီ့ Markup Tags တွေက ၀က်ဆိုက်စာမျက်နှာတွေကို ဘယ်အပိုင်းကတော့ ခေါင်းစဉ် ဘယ်အပိုင်းကတော့ စာပိုဒ် စသဖြင့်မှတ်သားပေးတယ်၊ Markup
tags တွေမှာ အထူးပြုစာလုံးတွေကိုသုံးတယ်၊ ဥပမာ head ဆိုရင် h လို့သုံးတယ်၊ paragraph ဆိုရင် p လို့သုံးတယ်၊ line break ဆိုရင် <br> လို့သုံးတယ်၊
အဲ့ဒီ့ အထူးပြုစာလုံးတွေကို angle brackets လို့ခေါ်တဲ့ အဖွင့် < အပိတ် > မြားလေးတွေနဲ့ ၀ိုင်းထားတယ်၊ Greater than သင်္ကေသတို့ Less than
သင်္ကေသတို့နဲ့တူတယ်၊ Markup Tags တိုင်းကို အဲ့ဒီ့လိုမြားလေးတွေ အဖွင့်အပိတ်နှစ်ခုကြာထဲထည့်ရတယ်၊ ဥပမာ head ဆိုရင် <h> လို့ရေးတယ်၊ 
paragraph ဆိုရင် <p> လို့ရေးတယ်၊ အဲ့ဒီ့ Markup Tags တွေက ရေးရင် တစ်စုံရေးရတယ်၊ အဖွင့် ရှိသလို အပိတ်ရှိတယ် (တစ်ချို့တော့ခြွင်းချက်ရှိတယ်)၊
အဖွင့်အပိတ်ပါအောင်ရေးမှ မှတ်လိုတဲ့အစိတ်အပိုင်းကို မှန်ကန်စွာမှတ်နိုင်မယ်၊
ဥပမာ သင်စာကြောင်းတစ်ကြောင်းကို ခေါင်းကြီးစာလုံး heading လို့သတ်မှတ်ချင်တယ်ဆိုပါစို့၊ အဲ့ဒီ့လို သတ်မှတ်ဖို့အတွက် Markup
Tags တွေထဲက ခေါင်းကြီးစာလုံးကို ကိုစားပြုတဲ့ <h1> ကိုသုံးနိုင်တယ်၊ အဖွင့်ကို <h1> လို့ရေးပြီး အပိတ်ကို </h1> လို့ရေးတယ်၊ အဖွင့်အပိတ်ကိုတော့
သင်သတ်မှတ်လိုတဲ့စာကြောင်းရဲ့ အစနဲ့ အဆုံးမှာထည့်ရတယ်၊
 ဥပမာ သင်က “I am Learning web design ဆိုတဲ့စာသားကိုခေါင်းစဉ် heading အဖြစ်သတ်မှတ်ချင်တယ်ဆိုရင် အောက်က အတိုင်း Markup tags
ရဲ့ ခေါင်းကြီးစဉ် သင်္ကေသ ဖြစ်တဲ့ <h1> နဲ့ </h1> တို့ကို  “I am learning web design” ဆိုတဲ့ သင်ခေါင်းစဉ်သတ်မှတ်လိုတဲ့ စာသားရဲ့ ရှေ့ နဲ့ နောက်မှာ
ထားရမယ်၊ အောက်မှာဥပမာကြည့်၊
<h1> I am learning web design </h1>
အထက်က ဥပမာကတော့ သင် မှတ်သားလိုတဲ့ စာကြောင်းကို Markup tag သုံးပြီးမှတ်သားရာမှာ အဖွင့်open tags နဲ့ အပိတ် close tag နှစ်ခုသုံးပြီး
မှတ်သားရတယ်ဆိုတဲ့ ဥပမာ ပါ၊ အပိတ်မှာ close tag မှာ အမြဲတမ်း ရှေ့ကိုစောင်းထားတဲ့ မျဉ်းစောင်း forward slash ကိုထည့်ရတယ်၊ HTML က
အသုံးဝင်လှပါတယ်၊ သူ့ကိုမသုံးရင် သင့်ရဲ့ဝက်ဆိုက်မှာ ဘယ်စာကြောင်းက ခေါင်းစဉ်လဲ ဘယ်စာကြောင်းက လင့်လဲ စသဖြင့် ခွဲခြား သိနိုင်တော့မှာ
မဟုတ်ပါဘူး၊ 
HTML Element
HTML မှာ HTML Elements တွေရှိပါတယ်၊ သူတို့ကို HTML Tags တွေနဲ့ ရှုပ်သွားတတ်တယ်၊ အောက်က ဥပမာကိုကြည့်ပါ၊
<h1> I am learning web design </h1>
အထက်က စာကြောင်းမှာ HTML Tags တွေကိုပြောပါဆိုရင် <h1> နဲ့ </h1> တို့ကိုပြောရပါမယ်၊ အလယ်က စာကြောင်းမပါဘူး၊ ဒါမှမဟုတ်ဘဲ HTML
Element ကိုပြောပါဆိုရင်တော့ စာကြောင်းတစ်ကြောင်းလုံး အပါအ၀င်ဖြစ်တဲ့ <h1> I am learning web design </h1> ကိုပြောရပါမယ်၊ <h1> အစ
ကနေ စာကြောင်းအပါအ၀င် </h1> အဆုံးအထိကို HTML Element တစ်ခုလို့ခေါ်ပါတယ်၊
HTML Documents are Webpages
HTML Document ဆိုတာက web page လို့ခေါ်တဲ့ ၀က်ဆိုက်စာမျက်နှာပါပဲ၊ HTML ရဲ့ အမြင်မှာတော့ web pages တွေက HTML Document တွေပဲဖြစ်ပါ
တယ်၊ ဒါကြောင့်ပဲ HTML Document တစ်ခုကို web page လို့ခေါ်နိုင်ပါတယ်၊
ကွန်ပြူတာ အင်တာနက်အသုံးပြုသူတွေသုံးနေကြတဲ့ web browser တွေဖြစ်တဲ့ Internet Explorer, Firefox, Google Chrome တို့ရဲ့ အဓိပ ရည်ရွယ်ချက်
က HTML Document တွေကို ဖတ်ပြီးဘာသာပြန်ဖို့ပါ၊ web browser တွေက သူတို့ တွေ့တဲ့ HTML Documents တွေကို သင်မြင်တွေ့နေရတဲ့ လှပ သေ
သပ်တဲ့ ၀က်ဆိုက်စာမျက်နှာလေးတွေဖြစ်အောင် ဘာသာပြန်ကြတယ်၊ တကယ်တော့ သူတို့ စတွေ့တာက Markup Tags တွေနဲ့ ဖွဲ့စည်းထားတဲ့ HTML
Document ပါ၊ HTML Documents တွေကိုပဲ လူတွေအတွက် အမြင်ရှင်းအောင် ဖတ်ရလွယ်အောင် browser တွေက ဘာသာပြန်လိုက်ကြတယ်၊ ဥပမာ
<h1> This is heading </h1> ဆိုတဲ့စာသားကိုတွေ့ရင် browser တွေက အော် ဒါက <h1> ဆိုတဲ့ Tag ကိုသုံးထားတော့ သူ့ထဲမှာရှိတဲ့စာသားတွေက
ခေါင်းစဉ်ဖြစ်မယ်၊ ဒီတော့ သူ့ကို တခြားစာလုံးတွေနဲ့ မတူတဲ့ ခေါင်းစဉ်စာလုံးပုံပြောင်းပေးလိုက်မယ် ဆိုပြီး ခေါင်းစဉ်အဖြစ်ပြောင်းပေးလိုက်တယ်၊
ဒါကိုဘာသာပြန်တယ်လို့ခေါ်တယ်၊ HTML Tags တွေကို တော့ထည့်မပြန်ဘူး၊ ဒါပေမယ့် HTML tags တွေရဲ့ မှတ်သားမူတွေအတိုင်း ဘာသာပြန်လိုက်တယ်၊
ဒီသင်ခန်းစာမှာ မိတ်ဆက်အနေနဲ့ HTML အကြောင်းကိုပဲ ရှင်းပြထားတယ်၊ နောက် သင်ခန်းစာမှာတော့ အခြခံတည်ဆောက်ပုံကိုလေ့လာမယ်၊
72 coder မှမျှဝေခြင်းဖြစ်ပါတယ်..
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
Html ကုဒ်အကြောင်း ( HTML Link )
HTML Link
HTML မှာ လင့်တွေထည့်လို့ရတယ်၊ ဥပမာ သင် ရဲ့ ၀က်ဆိုက်စာမျက်နှာကနေ အခြား ၀က်ဆိုက်စာမျက်နှာကို လှမ်းညွန်းလို့ရတယ်၊ လင့်ထည့်ဖို့အတွက်သုံးရတဲ့ HTML tag ကတော့
<a> tag ပါ၊ အဖွင့်ကို <a> လို့ရေးပြီး အပိတ်ကိုတော့ </a> လို့ရေးပါတယ်၊ ဥပမာ သင့်ဆိုက်မှာ 72coder.com ဆိုက်ကိုလင့်ချိတ်မယ်ဆိုရင် အဖွင့် HTML Link tag ရဲ့အတွင်းမှာ ချိတ်မယ့်ဆိုက်ရဲ့နာမည်ကိုရေးပေးရတယ်၊ ချိတ်မယ့်ဆိုက်ရဲ့နာမည်ကိုရေးတဲ့အခါ href လို့ခေါ်တဲ့ hyper reference ကိုပါထည့်ရတယ်၊ အောက်မှာကြည့်ပါ၊
<a href= “72coder.com”>ဒီဆိုက်ကိုသွားလည်ပါ</a>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်ဖြင့် ဒီဆိုက်ကိုသွားလည်ပါဆိုတဲ့စာသားကို အပြာရောင်နဲ့ ရေးထားတာတွေ့မယ်၊ အပြာရောင်ရဲ့သဘောကတော့ အဲ့ဒီ့စာသားမှာ လင့်ပါတယ် ဆိုတဲ့သဘောပါ၊ အဲ့ဒီ့စာသားကို နှိပ်လိုက်ရင် (အင်တာနက်ချိတ်ထားရင်) 72coder.com site ကို သင့်ကိုခေါ်သွားလိမ့်မယ်၊ ဒါကတော့ သင့်ဆိုက်မှာ လင့်ချိတ်တဲ့ပုံပါ၊ သုံးတဲ့ HTML Tags က <a> နဲ့ </a> တို့ပါ၊ အဖွင့် <a> ရဲ့အတွင်းမှာ href= “ ” လို့ထည့်ပေးပြီး နှစ်ထပ်ကော်မာရဲ့ ကြားမှာတော့ သင်လင့်ချိတ်လိုတဲ့ ဆိုက်ရဲ့နာမည်ကို ထည့်ရပါတယ်၊ “ဒိဆိုက်ကိုသွားလည်ပါ” ဆိုတဲ့စာသားကိုတော့ သင်စိတ်ကြိုက် လိုအပ်တဲ့စာသားရေးလို့ရတယ်၊ အဲ့ဒီ့စာသားက ၀က်ဆိုက်စာမျက်နှာမှာ ပေါ်မယ့်စာသား၊
အထက်မှာရှင်းပြခဲ့တဲ့အတိုင်း  HTML Link တွေကိုထည့်ဖို့အတွက် <a> ဆိုတဲ့ HTML Tag ကိုသုံးတယ်၊ ဒါပေမယ့် အဲ့ဒီ့ <a> tag တစ်ခိုထဲနဲ့ တော့ အလုပ်မဖြစ်သေးဘူး၊ သူနဲ့ တွဲမယ့် attribute တစ်ခုကိုလထြည့်ရသေးတယ်၊ တွဲသုံးတဲ့ Attribute ကတော့ href = “” ပါ၊ အခုအောက်က ဥပမာကိုကြည့်ပါ၊
<a href= “72coder.com”>Visit Us</a>
အထက်က ဥပမာမှာ <a > </a> က HTML Link tag ဖြစ်တယ်၊ href = “” ကတော့ attribure ဖြစ်တယ်၊ သူ့မှာပါတဲ့ အဖွင့်အပိတ် နှစ်ထပ်ကော်မာထဲမှာတော့ သင်ချိတ်ဆက်လိုတဲ့ ဆိုက်ရဲ့ URL ကိုထည့်ရတယ်၊ ( ) ၊ အခု <a> နဲ့ </a> ကြားမှာရှိတဲ့ Visit Us ကိုရှင်းပြမယ်၊ သူကတော့ သင့်လက်ရှိဝက်ဆိုက်မှာပေါ်နေမယ့်စာသားပါ၊ အဲ့ဒီ့ စာသားက href = “72coder.com” ကိုညွန်းမယ့် စာသား၊ <a href= “72coder.com”>Visit Us</a> ဆိုတဲ့ ကုတ်တစ်ကြောင်းလုံးမှာ သင့်ဝက်ဆိုက်မှာ တကယ်ပေါ်နေမယ့် စာသားက Visit Us ဆိုတဲ့ စာသား၊ အဲ့ဒီ့စာသားသင့်ဝက်ဆိုက်မှာပေါ်နေမှာက အပြာရောင်စာလုံးပုံစံနဲ့ သူ့အောက်မှာ မျဉ်းကြောင်းတစ်ကြောင်းပါမယ်၊ အဲ့ဒီ့စာသားကို တစ်ချက်ခလစ်နှိပ်တာနဲ့ 72coder.com ဆိုတဲ့ ၀က်ဆိုက်ကိုရောက်သွားမယ်၊ ဒါကိုပဲ လင့်ချိတ်တာလို့ခေါ်တယ်၊
ဒီမှာသုံးတဲ့ Attribute ဖြစ်တဲ့ href ကတော့ hyper refrence ဆိုတဲ့စာသား ရဲ့ acronym ပါ၊
အထက်က နည်းကိုသုံးပြီး အခြား ဆိုက်တစ်ခုကိုဖြစ်စေ သင့်ဆိုက်မှာ ရှိတဲ့အခြားစာမျက်နှာကိုဖြစ်စေချိတ်ဆက်နိုင်တယ်၊ နို့ပေမယ့် ချိတ်ဆက်ထားတဲ့ လင့်ပါဝင်တဲ့ Visit Us ဆိုတဲ့ စာသားကိုနှိပ်လိုက်ရင် လက်ရှိစာမျက်နှာပျောက်သွားပြီး အဲ့ဒီ့နေရာမှာ လင့်ချိတ်ထားတဲ့စာမျက်နှာပေါ်လာမှာ၊ ဒီလိုမဖြစ်စေချင်ဘူး၊ လက်ရှိစာမျက်နှာကိုလဲ ပျောက်မသွားစေချင်ဘူး၊ လင့်ချိတ်တဲ့စာမျက်နှာကိုလဲ ပွင့်စေချင်တယ်၊ ဒါဆိုရင်တော့ target_blank ဆိုတဲ့နည်းကိုသုံးပါတယ်၊ ရေးတဲ့နည်းကိုတော့ အထက်ဟက ရေးထားတဲ့ ပုံစံအတိုင်းရှိတဲ့ လင့်ကိုပဲရေးရတယ်၊ ဒါပေမယ့် ချိတ်တဲ့လင့်ရဲ့ နောက်ဆုံးမှာ target= “_blank” ကိုထည့်ပေးရမယ်၊ အောက်မှာဥပမာ ကြည့်ပါ၊
<a href= “72coder.com” target= “_blank”>Visit Us</a>
အထက်က အတိုင်းရေးလိုက်ရင် ပုံမှန်တော့ ဘာမှမခြားနားပါဘူး၊ Visit Us ဆိုတဲ့စာသားပဲပေါ်လာမှာပါ၊ အဲ့ဒီ့ Visit Us ဆိုတဲ့စာသားကို ခလစ်တစ်ချက်နှိပ်လိုက်ရင်ဖြင့် နောက်ထပ် Tab တစ်ခုအနေနဲ့ “72coder.com” ၀က်ဆိုက်ပေါ်လာမှာပါ၊ ဒါကတော့ သင့်ဝက်ဆိုက်မှာထည့်ထားတဲ့လင့်ကို လက်ရှိစာမျက်နှာမှာ မပေါ်စေပဲ နောက်ထပ် new tab အနေနဲ့ စာမျက်နှာ အသစ်မှာပေါ်စေတဲ့နည်းပါ၊
နောက်ထပ်လေ့လာရမယ့် link ချိတ်နည်းတစ်ခုကတော့ Anchor Link ပါ၊ သူ့ကိုတော့ ၀က်ဆိုက်စာမျက်နှာတစ်ခုထဲမှာပဲ တစ်နေရာကနေ အခြားနေရာကိုကူးဖို့အတွက်သုံးတာပါ၊ သူ့ကိုသုံးဖို့အတွက် ပုံမှန်အားဖြင့်မလိုအပ်ဘူး၊ ဒါပေမယ့် သင့်ဝက်ဆိုက်ရဲ့ စာမျက်နှာက သိပ်ပီး ရှည်နေခဲ့မယ်ဆိုရင်ဖြင့် အောက်ဆုံး တစ်နေရာရာကနေ ပေါ်ဆုံးက နေရာတစ်ခုခု ကိုချိတ်ဖို့အတွက် သုံးပါတယ်၊ ဒီ့အတွက် ချိတ်ဆက်လိုတဲ့ နေရာကို အရင်ဆုံး သတ်မှတ်ရမယ်၊ ဆိုကြပါစို့ အပေါ်ဆုံး စာပိုက်ကိုချိတ်ဆက်လိုတယ်ဆိုရင်ဖြင့်  အဲ့ဒီ့ စာပိုဒ်ကို နာမည်တစ်ခုသတ်မှတ်ရမယ်၊ နာမည်ကိုကြိုက်တဲ့နာမည်သတ်မှတ်နိုင်ပါတယ်၊ ဒါပေမယ့် သတ်မှတ်တဲ့နည်းတော့ရှိတယ်၊ ဥပမာ အထက်ဆုံးစာပိုဒ်ရဲ့ ခေါင်းစဉ်က This is heading ဆိုတဲ့စာသားဆိုပါစို့ ဒါဆိုရင် အဲ့ဒီ့စာသားကိုအောက်ပါအတိုင်း HTML Link tag သုံးပြီး အရင်မှတ်သားရမယ်၊
<a name = “hippo”>This is heading</a>
အထက်က အတိုင်း This is heading ဆိုတဲ့ စာပိုဒ်ရဲ့ခေါင်းစဉ်ကို HTML Link Tags ဖြစ်တဲ့ <a> </a> နဲ့ ၀ိုင်းလိုက်တယ်၊ ပြီးတော့ အဖွင့် link tag ရဲ့ <a အဆုံးမှာ name ဆိုတဲ့ attribute ကိုထည့်မယ်၊ ရေးပုံက name= “” လို့ရေးရတယ်၊ သူ့နောက်မှာပါတဲ့ နှစ်ထပ်ကော်မာထဲမှာတော့ သင်သတ်မှတ်ချင်တဲ့ နာမည်ကိုသတ်မှတ်နိုင်တယ်၊ အထက်က ဥပမာ မှာတော့ hippo လို့သတ်မှတ်ထားတယ်၊
အခု အထက်မှာသင့်ဝက်ဆိုက်ရဲ့အပေါ်ဆုံးစာပိုဒ်ကို anchor လင့်သုံးဖို့အတွက် နာမည်သတ်မှတ်လိုက်ပြီး၊ နောက်တစ်ဆင့်မှာတော့ သင့်ဝက်ဆိုက်ရဲ့အောင်ဆုံး စာကိုပိုဒ် (အောက်ဆုံး စာပိုဒ်မှ မဟုတ်ပါဘူး ဘယ်စာပိုဒ်ကို သုံးသုံးရတယ်) က နေ အပေါ်ဆုံး စာပိုဒ်ကိုလှမ်းချိတ်မယ်၊ ဒီ့အတွက် Anchor Link ချိတ်ဆက်နည်းကိုသုံးမယ်၊ ချိတ်မယ့်စာသားကိုအပေါ်ဆုံးစာပိုဒ်နဲ့ သက်ဆိုင်တဲ့ နာမည်တော့ ပေးပေါ့၊ အောက်မှာ ဥပမာ ကြည့်ပါ၊
<a href= “#hippo”>don’t know what is heading! Read this </a>
အထက်က အတိုင်း ရေးလိုက်ရင်ဖြင့် don’t know what is heading! Read this ဆိုတဲ့ စာသားကို အပြာအရောင် လင့် စာသားအနေနဲ့ တွေ့ရမယ်၊ အဲ့ဒီ့ လင့်ကိုနှိပ်လိုက်ရင်တော့ hippo လို့ အထက်မှာ နာမည်ပေးခဲ့တဲ့ အပေါ်ဆုံးစာပိုဒ်ကိုပြန်ရောက်သွားမယ်၊
Anchor link ကိုတော့ သင့်ရဲ့ ၀က်ဆိုက်စာမျက်နှာ သိပ်ရှည်နေရင် သုံးနိုင်ပါတယ်၊
စစ်နိုင်(suran)ူ
စစ်နိုင်(suran)blog မှ လှိုက်လှဲစွာကြိုဆိုပါသည်
Myanmar Calendar