Java Platform အကြောင်း
အရှင်းဆုံးပြောရရင် Java Platform ဆိုတာ Java Programming Language နဲ့ရေးထားတဲ့ Application တွေ run နိုင်အောင် ထောက်ပံ့ပေးတဲ့ Development Tools တွေ စုထားတဲ့ အစုအဖွဲ့ တစ်ခုပဲ ဆိုပါတော့။ Hardware-based Platform တွေအပေါ်မှာ Run တဲ့ Software-Only Platform လို့ပြောပါတယ်။ ဒီ့အပြင် Vitual Machine လို့ခေါ်တဲ့ Execution Engine တစ်ခုရယ် ၊အသင့် ရေးထားပေးတဲ့ code တွေပါတဲ့ Class Libraries တွေ ပြီးတော့ Java Programming Language ရယ်ပေါင်းပြီး Java Platform လို့ခေါ်တယ်လို့ဆို ပါတယ် ။Software တွေ ရေးသားတဲ့ အခါအသုံးပြုတဲ့ Platform ကြီးနှစ်ခုထဲမှာ Java ဟာလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ Microsoft .Net Platform ပဲဖြစ်ပါတယ်။ ကျွန်တော် ကတော့ Java ကိုပဲ စိတ်ဝင်စားတဲ့ အတွက် Java အကြောင်းပဲ သိအောင်ကြိုးစားပါတယ်။
တိတိကျကျပြောရရင် Java Platform ကို အပိုင်းသုံးပိုင်းနဲ့ဖွဲ့စည်းထားပါတယ် ။
1. Java Programming language
2. Java Virtual
3. Application Programming Interfaces(APIs)
ပြီးတော့ Java Platform ကို Edition သုံးပိုင်းခွဲထားပြန်ပါသေးတယ် ။
1. Java Platform Standared Edition(J2SE or Java SE)
2. Java Platform Enterprise Edition (J2EE or Java EE)
3. Java Platform Micro Edition (J2ME or Java ME)
Standard Edition ကို Destop computer များတွင် အသုံးပြုရန် အတွက်ရည်ရွယ်ပြီး ထုတ်လုပ် ခြင်းဖြစ်ပါတယ် ။ Enterprise Edition ကို Internet ကိုအခြေခံတဲ့ Server-side Computing များအတွက် Micro Edition ကို Mobile phone ကဲ့သို့သောသေးငယ်တဲ့ Electronic Device များအတွက်ရည်ရွယ်ပါတယ် ။
Java Platform ကို Product ပုံစံနှစ်မျိုးနဲ့ ထုတ်လုပ်ပါတယ်တဲ့ ။
1. Java Runtime Enviroment (JRE)
2. Java Development Kit (JDK)
Java Runtime Enviroment ဆိုသည်မှာ Java language ဖြင့်ရေးထားသော Application များနဲ့ Applet များကို run ပေးနိုင်ရန် အတွက်လိုအပ်တဲ့ Component များပါဝင်ပြီးCompiler & Debugger ကဲ့သို့သော tools & utilities များမပါဝင်တဲ့ Sun ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ် ။
Java Development Kit ဆိုသည်မှာ JRE မှာပါဝင်တဲ့ component များအားလုံး ပါဝင်သည့်အပြင် Compiler & Debugger ကဲ့သို့သော Tools & Utilities များ ထပ်ပေါင်းထည့်ထားတဲ့ Sun ၏ ထုတ်ကုန် တစ်မျိုးပင် ဖြစ်သည် လို့ဆိုကြပါတယ် ။
No comments:
Post a Comment