စစ်နိုင်(suran): 06/09/13 စစ်နိုင်(suran): 06/09/13 /* Flying Css3 menu www.bloggertrix.com*/
စစ်နိုင်(suran)blog မှ လှိုက်လှဲစွာကြိုဆိုပါသည်
စစ်နိုင်(suran) မှ လှိုက်လှဲစွာကြိုဆိုပါသည်

မိမိရဲ့ Website မှာ စီးပွားရေး ကြော်ငြာထည့်ရန်အတွက်

Sunday, June 9, 2013

Movies

ခံစာကြည့်ပါ

ခုတုံး
ကျော်ကျော်ဗို ၊ မိုမိုမြင့်အောင် ၊ ဇင်ဝိုင်း

နတ်ဆိုးမကျိန်စာ
သွေးသစ္စာ၊ ဝါဆိုမိုးဦး

ပန်းဆွတ်မိုး
ပြေတီဦး ၊ အိန္ဒြာကျော်ဇင် ၊ အေသင်ချိုဆွေ

အနမ်းမျက်ရည်
ဟိန်းဝေယံ ၊ ချစ်သုဝေ

ကျွန်မသာစိတ်မကောက်ခဲ့ရင်
အောင်ရဲလင်း ၊ သက်မွန်မြင့် ၊ ဆုမြတ်နိုးဦး

Memory Stick မှာမကြာခဏတွေ့ တတ်သော virus များရှင်းနည်း



Memory Stick တွေမှာကြုံတက် တဲ့ပြသာနာလေးတွေ ပါဖြေရှင်းတဲ့ နည်းလေးပြောပြမှာပါ… သိပြီးသား သယ်ချင်းတွေလဲ သည်းခံပြီး ဆက်ဖတ်ပေး ပါနော်… ကျွန်တော်လဲ လိုက်ပြီး မွှေနောက် ၇င်း တွေ့ ၇ှိ တာ လေးတွေကို ပြန်လည်ဝေမျှပေး တာပါ------ အမှားပါခဲ့၇င် လဲ တောင်းပန်ပါတယ် ခင်ဗျာ----

သူငယ်ချင်းတို လဲ ကြုံဖူးကြမှာပါ… Memory Stick ထိုးလိုက်တာနဲ့ .. Autorun.inf တို့  Recycled.exe တို့  Rundll32.exe တို့ …ဘာတို့ ညာတို့ ပေါ့… အဲဒီ virus တွေ့ ကို USB Disk Security မှာလာပြတယ်လေ..  အဲဒါတွေကို အရမ်းကောင်းတယ်ဆိုတဲ့… Kespersky  ကတောင် မဖျက်နိုင်ဘူး… USB Disk Security မှာ Delete လုပ်လဲတစ်ချို့ ဟာတွေ ကို Delete လုပ်လို့ မရဘူးလေ….  အဲဒီတော့ ဘာ Software မှာသုံးစရာ မလို့ တဲ့ ဒီ နည်းလေးကို စမ်းသုံးကြည့် လိုက် ပါ...

အ၇င်ဆုံး  Bat File နဲ့  Command တွေရေးပြီးရှင်းတဲ့နည်းလေးပါ… ပထမဦးဆုံး Notepad တခုကိုဖွင့်ပါ..ပြီးရင် အောက်မှာပေးထားတဲ့  Command တွေကို Copy ကူးထည့် လိုက်ပါ….      @echo del: E:Autorun.inf del: F:Autorun.inf del: G:Autorun.inf del: H:Autorun.inf del: E:Recycled.exe del: F:Recycled.exe del: G:Recycled.exe del: H:Recycled.exe del: E:RUNDLL32.exe del: F:RUNDLL32.exe del: G:RUNDLL32.exe del: H:RUNDLL32.exe @echo       ပြီးရင်တော့..နာမည်တစ်ခုခု .bat (eg. Kill.bat) ဆိုပြီး ကိုယ့်ရဲ့  Memory Stick ထဲမှာ Save လိုက်ပါ… အဲဒီ Kill.bat ဆိုတဲ့ file လေးကိုတော့ ဖျက်ပစ်လို့  မ၇ပါဘူး…. Stick ထိုးတိုင်း အဲဒီ file လေးကို double click လုပ်ပြီး run ပေး၇ပါတယ်-----

 ဒါဆိုရင်ကိုယ့်ရဲ့  Memory Stick ထဲမှာ virus တွေအကုန်ရှင်း သွား ပြီ ဖြစ် ပါတယ် ခင်ဗျာ။။။

မော်လမြိုင်မြို့တွင် ၀က်မကြီးမှ လူကလေး(၈) ဦးမွေးဖွားကြောင်း သတင်းဓာတ်ပုံ

မော်လမြိုင်မြို့တွင် ၀က်မကြီးမှ လူကလေး(၈) ဦးမွေးဖွားကြောင်း သတင်းဓာတ်ပုံ

From : http://www.oppositeyes.info/2013/02/blog-post_1871.html


မော်လမြိုင်မြို့တွင် ၀က်မကြီးမှ လူကလေး(၈) ဦးမွေးဖွားကြောင်း သတင်းဓာတ်ပုံနှင့် တကွ facebook က ကိုသိန်းဝင်း စာမျက်နှာ မှာ တွေ့လိုက်ရပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဓာတ်ပုံကို လေ့လာကြည့်ပါ။
 

 www.MyanmarExpress.net

မွတ်စလင် ရဲတိုက်ဖြစ်စဉ် နှင့် ပတ်သက်၍ စိန့်မေရီကျောင်း၏ သတင်းထုတ်ပြန်ချက်

From : ..သာသနာ့အကျိုးဆောင်အဖွဲ့
စိန်မေရီကာသီဒြယ်သာသနာ၊
ရန်ကုန်မြို့ 




စိန်မေရီကာသီဒြယ်ဘုရားကျောင်းတော်ကြီးသည်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ ၏အထွဋ်အမြတ်ထားရာဝတ်ပြုကိုးကွယ်သည့်နေရာဖြစ်သည်။
 

နံနက် ၈း၃၀နာရီမှ နေ့ လည်၁၂း၀၀နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၂း၀၀နာရီမှ ညနေ ၆း၀၀ နာရီအထိတစ်ကြိမ်၊ ဘုရားဖူးဘာသာတူများနှင့် လာရောက်လေ့လာသူများနှင့် ၀တ်ပြုဆုတောင်း သူများ အတွက် နေ့စဉ်ဖွင်လှစ်ပေးထားပါသည်။

မည်သည့်လာရောက်လေ့လာ၊ ၀တ်ပြုကိုးကွယ်သူ မည်သူမဆိုလူမျိုးဘာသာ မခွဲခြားဘဲ လွတ်လပ်စွာလာရောက်ခွင့်ပြုထားပါသည်။ ရှေးဟောင်းအဆောက်အဦ်းဖြစ်သည်နှင့်အညီ ထူးဆန်းသောဗိသုကာလက်ရာများတည်ရှိရာနေရာဖြစ်ရာ၊ ဗိသုကာပညာရပ်ကိုစိတ်ဝင်စား သောသူများနှင့် ပညာရှင်များလည်းလာရောက်လေ့လာလေ့ရှိပါသည်။


မည်သည့်ဘာသာရေးအဆောက်အဦးမဆို၊ တစ်သီးတစ်ခြားသတ်မှတ်ထား သည့် ဓါတ်တော် မွေတော်များထားရှိရာ သန့် ရှင်းသောနေရာများရှိတတ်ကြပါသည်။ ဤကဲ့သို့သောနေရာများသို့ ၀င်ရောက်ခြင်းကိုအထူးကြပ်မတ် စောင့်ရှောက်ထားပါသည်။


ထိုကဲ့သို့ သတ်မှတ်ထားသည့် နေရာများကို လာရောက်ကြသည့် ဧည့်သည် တိုင်းသည် သင့်တင့်လျောက်ပတ်သည့် ရိုသေလေးစားမှု ရှိကြရမည်ဖြစ်သည်။


ယနေ့ဖြစ်စဉ်မှာ သူတော်စင်များသာဝင်ရောက်ရသည့်၊ ဓါတ်တော် မွေတော်များထားရှိရာ သန့်ရှင်းသည့်နေရာ ၊အထွဋ်အမြတ်ထားရာ (Sanctuary) အတွင်းသို့ ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်နှင့်ဆန့်ကျင်သည့် မတင့်တယ်သော အ၀တ်အစား(စွပ်ကျယ်လက်ပြတ်) နှင့် ၀င်ရောက်ကာ အထွဋ်အမြတ်ထားရာ ဗိမာန်တော်ကိုကျောပေးလျက်၊ မသင့်တင့် မလျောက်ပတ်မလျော်ကန်သောအပြုအမူမျိုး ပြုလုပ်ခြင်း၊ ကိုတွေ့ရှိရလေရာ သက်ဆိုင်ရာ မှသတိပေးပြောကြားခဲ့ခြင်းမှစ၍ မကျေမနပ် ဖြစ်သွားပုံရသည်။ ထိုမှတစ်ဖန်၊ တတိယ အကြိမ် ပြန်လည်ရောက်ရှိလာရာတွင်၊ သတင်းထောက်များ၊ Media အဖွဲ့ဝင်များခေါ်လာပြီး အသင့်ရေးလာသော ဆိုင်းဘုတ်ကိုင်ဆောင်ကာ၊ ဘုရားကျောင်းသာသနာ့ ပုရ၀ဏ်အတွင်း ၀င်ရောက်ကာ၊ မည်သည့်အာဏာပိုင်အဖွဲ့အစည်း၏ခွင့်ပြုချက်မျှရယူခြင်းမရှိဘဲ တစ်ကိုယ် တော်ဆန္ဒပြခဲ့ပါသည်။ သာသနာ့အကျိုးဆောင်အဖွဲ့မှ အကြိမ်ကြိမ် မေတ္တာရပ်ခံ နေ သည့်ကြားမှပင် ကာယကံရှင်မှကိုယ်ထိလက်ရောက်စတင်ကျူးလွန်ခဲ့ပါသည်။ ပိတ်ပင် တားမြစ်ခြင်းခံရသည်ဟု ကာယကံရှင်ကအပြစ်တင်စွပ်စွဲ ပြောဆိုနေသော်လည်း သုံးကြိမ် သုံးခါတိုင်တိုင်ဝင်ရောက်ခဲ့ခြင်းသည်၊ ကာယကံ ရှင်၏ စွပ်စွဲချက်နှင့် လုံးဝ ဆန့်ကျင် နေသည်မှာထင်ရှားပါသည်။


အထက်ပါအပြုအမူများသည် ၊ ရည်ရွယ်ချက်ရှိရှိနှင့် ကြိုတင်ကြံစည်ထား သည်ဟု ယူဆ နိုင်ပါသည်။ ကက်သလစ်သာသနာဘုရားကျောင်းတော်ဝင်းသည် ၀တ်ပြုကိုးကွယ်ခြင်းနှင့် ငြိမ်းအေး ရာနေရာဖြစ်ပြီး၊ မည်သည့်ဆန္ဒပြခြင်းမဆို၊ ထိုသဘောသဘာဝအကြောင်း တရား များ နှင့်ဖီလာဆန့်ကျင်နေပါသည်။




ယခုသတင်းMedia များတွင်ပါသောအကြောင်းအချက်များသည် ဖြစ်ရပ်မှန်နှင့် လွဲမှားစွာ ဖော်ပြထားခြင်းဖြစ်ရာ မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ် ရသည်ဖြစ်၍၊ ပြည်သူလူထုအနေနှင့် ဖြစ်ရပ်မှန်ကိုသိရှိရန်တင်ပြအပ်ပါသည်။


စစ်နိုင်(suran)ူ
စစ်နိုင်(suran)blog မှ လှိုက်လှဲစွာကြိုဆိုပါသည်
Myanmar Calendar