စစ်နိုင်(suran) စစ်နိုင်(suran) /* Flying Css3 menu www.bloggertrix.com*/
စစ်နိုင်(suran)blog မှ လှိုက်လှဲစွာကြိုဆိုပါသည်
စစ်နိုင်(suran) မှ လှိုက်လှဲစွာကြိုဆိုပါသည်

မိမိရဲ့ Website မှာ စီးပွားရေး ကြော်ငြာထည့်ရန်အတွက်

Monday, August 12, 2013

Java မိတ်ဆက်


Java အကြောင်းလေး နည်းနည်းပါးပါး ဆွေးနွေးချင်ပါတယ်.. စလုပ်တဲ့သူများအတွက်ပါ..ရွာပတ်နေမှာ စိုးလို့ပါ..

• Java ဆိုတာက SUN Micro System ( အစက လူမသိသူမသိ အခြားကလည်း ဖြစ်နိုင်တယ်နော်.) က မိတ်ဆက်ပေးလိုက်တဲ့ programming language တစ်ခု ဖြစ်ပါတယ်.. Platform independent ရယ် secure ဖြစ် တဲ့အပေါ်မှာ မူတည်ပြီး အသုံးတွင်ကျယ်ပါတယ်..server side, client side desktop application တွေ သို့မဟုတ် mobile phone, smart phone , palmtop , PDA ….တွေမှာ သုံးပြုပါ တယ်.embbed device ( like some security car system ) မှာလည်းပဲ အသုံးပြုကြပါတယ်..သုံးရင် အရင် code ရေး ..ထုံးစံအတိုင်း Compile လုပ် class ဖြစ် ..ပြီးတော့ သူနဲ့ကိုက်တဲ့ platform မှာ run ပေါ့..



• နောက်တစ်ခုက web application တွေမှာသုံးတာ ..java script အဖြစ်သော်လည်းကောင်း၊ java applet အဖြစ်သော်လည်းကောင်း၊ JSP server sided programming (and also [ .do ] with class ) or Servlets အဖြစ် သော်လည်းကောင်း အသုံးပြုပါတယ်..

Java page တစ်ခုကို ပြနိုင်ဖို့အတွက် ဘယ် server တွေ run ဖို့လိုလည်း?

Php ကို Apache server နဲ့ တွဲသုံးသလိုပဲ.. JSP ကို လည်း Apache Tomcat Server နဲ့တွဲသုံးပါ တယ်..Apache Tomcat project ကို internet ပေါ်မှာ open source အနေနဲ့ free ရသဗျ….ဒါက အသုံးများပြီး လက်လှမ်းမီတာကို ပြောလိုက်တာ..ဒါတင် ဘယ်ကမှာလဲ..အများကြီးရှိသေး သဗျ.. Sun က ထုတ်တဲ့ Java web server .. အဲလိုပဲ ကုမ္ပဏီပေါင်းစုံက ထုတ်ကြပါလေရော.. များလွန်းလို့ list လုပ်ထား တဲ့ website ကိုပဲ ညွှန်ပါရစေ… http://www.javaskyline.com/serv.html ကို သွားကြည့် ကြပါတော့...

ဘာလို့ java ကိုသုံးလည်း ?
ဒီလိုရှိတယ်..သူ run နိုင်တဲ့ java run time environment ကို ဘယ် platform မှာ မဆို တင်နိုင်ပြီး အသုံးပြုနိုင်လို့ပဲ..ဖုန်းဆိုလည်းတင်လို့ရတာပဲ..apple မှာလည်းရတာပဲ.. Microsoft windows တွေ မှာလည်း…ဘာဖြစ်လဲ…? ရတာပဲလို့…ကဲဒါဆို linux တွေမှာ ရော ရပါ့..
Java runtime environment   ရှိ တာနဲ့ java class တွေကို run လို့ ရသဗျာ…ဒီတော့ ကောင်းဘူး လား…နောက်တစ်ခု…. Applet servlets jsp အဲဒါတွေကရော..secure ဖြစ်လို့သုံးတာ.. တွေ့မိ လား..ကမ္ဘာ့computer တက္ကသိုလ်တော်တော်များများJava java နဲ့ တော်တော်လေး ကို role ပေး တာလေ… ပြီးတော့ တချို့ စီးပွားရေးဝက်ဆိုက်ကြီး (online banking, mobile company ) တွေ… java server page တွေဗျား…ဥပမာ.. starhub ဖုန်းဝက်ဆိုက် ..တွေ့မိလား .do ဆိုပြီးလေ…hacking ရန်ကို ကောင်းကောင်းကာကွယ်နိုင်လို့ ရယ် အခြား ကောင်းကွက်တွေရှိလို့သုံးတာ…..java ဖိုင်တွေ ရေး တာ compile လုပ်တာ run တာ အနဲအကျဉ်း ပြောသွားပါမယ်…

Java class တခုရဲ့ structure အောက်မှာ ကြည့်ပါ

public class program-name {

optional variable declarations and methods


public static void main(String[] args) {

statements
}

optional variable declarations and methods


}


အဲဒါကို hello world ဆိုတဲ့ အစ program တပုဒ်ရေးကြည့်ရအောင်

Program name = HelloWorld
Java file name= HelloWorld.java (class နာမည်နှင့် တူတူဖြစ်၇မယ်)
ကဲစရေးမယ်.. editor ( notepad, textpad, notepad++ or other editor ) တခုခုခေါ်လိုက် ..

အောက်က code တွေ ရေုးလိုက်.


ကုဒ်ခံမယ်။:
public class HelloWorld {
  public static void main(String[] args) {
     System.out.println("Hello, World.I M testing baby!");
  }
}


save as hello.java လို့ save လိုက်.. ဒါဆို .java extension နဲ့ ဖိုင်တခုရပြီ.. ဒါက တကယ်လိုချင်တဲ့ run မယ့် class မဟုတ်ပါဘူး..
Java compiler ( javac in JDK ) နဲ့ compile ပြီးမှသာ class ဖြစ်ပြီး အသုံးပြုလို့ ရပါမယ်..


ဘယ်လို compile ကြမလဲ.. JDK လိုပါတယ်.. jdk ကို sun.com မှ အလကား ဒေါင်းလို့ရပါတယ်.. ပြီးရင် class path အတွင်းသွင်းပါ.. My computer ကို right click လုပ် .. Properties->Advanced-->Environments Variables-->System Variables--> path-->edit--> ; ချပြီး jdk bin path ကို ထပ်ထည့်ပါ..

Jdk path က C --> program files --> java မှာ ၀င်ကြည့်ကြည့်
Version ကို လိုက်ပြီး ပြောင်းမှာပဲ.. ကျနော်ဆီမှာ ဒီလို
C:\Program Files\Java\jdk1.5.0_07\bin
အောက်က ပုံကို ကိုးကား..

ဒါက first time ပဲလိုတာ java compiler ရှိမယ့် path ကို windows ရဲ့ class path အတွင်း သွင်းတယ်ဆိုတာက command promt ကနေ javac java ဆိုပြီး type တာနဲ့ compiler နေရာကို တန်းသုံးနိုင်အောင်လို့ပါ..

ခု compile လုပ်ကြည့်ရအောင်

Windows logo + R ကို တွဲနှိပ် command prompt တက်လာလိမ့်မယ်..
ခုနက HelloWorld.java ကို ထားထားတဲ့နေရာအောင် cd command နဲ့ directory ပြောင်း ဥပမာ ကျနော်က HelloWorld.java ကို C:\Java ဆိုတဲ့ ဖိုလ်ဒါမှာ သိမ်းတယ်..

ဒီတော့ command prompt မှာ ဒီလို ရိုက်မယ်..

cd C:\Java

အဲဒါဆို java file ရှိတဲ့ နေရာရောက်ပြီ compile ကြရအောင်.အောက်က command တွေဆက်ရိုက်. Javac ဆိုတာ javacompiler ကို ပြောတာ..jdk bin မှာရှိတယ်..case sensitive နော်...
javac HelloWorld.java

Enter ခေါက်..

ဒါဆို HelloWorld.java ဖိုင်ဘေးမှာ HelloWorld.class ဆိုပြီး class ဖိုင်တဖိုင် ထွက်လာလိမ့်မယ်.compile ပြီးပြီ..

Run ကြည့်ရအောင် .အောက်က command ကို ရိုက်.. enter ခေါက်.

java HelloWorld

ဒါဆို console screen မှာ ကျနော်တို့ရေးထားတဲ့

Hello, World.I M testing baby! ဆိုပြီးပေါ်နေလိမ့်မယ်..

No comments:

Post a Comment

စစ်နိုင်(suran)ူ
စစ်နိုင်(suran)blog မှ လှိုက်လှဲစွာကြိုဆိုပါသည်
Myanmar Calendar