C Programmer လေ့လာကြမယ် အပိုင်း-၁
ကျနော်လို C Programmer ကို လေ့လာခြင်းနေတဲ့ ပြည်တွင်း ပြည်ပမှ မိတ်ဆွေသူငယ်ချင်းများ အလွယ်တကူ အဆင်ပြေစွာ လေ့လာနိုင်ရန် ကျနော်စတင်လေ့လာနေတဲ့ C Programmer စာအုပ်မှ ပြန်လည် မျှဝေပေး လိုက်ပါသည်။
Stucture of a C Program
C probram ဆိုတာ function တွေနဲ့ တည်ဆောက်ထားတဲ့ Programအစုပါပဲ။ ဒီအစုထဲမှာ Function တစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီး ပါနိုင်ပါတယ်။အနည်းဆုံးတစ်ခုတော့ ပါကိုပါရမှာပါ။အဲဒီ မပါမဖြစ်ပါရမယ်function ကို main လို့ခေါ်ပါတယ်။ mainရဲ့ သဘောကတော့ C Program တစ်ခုကို runလိုက်မယ်ဆိုလို့ရှိရင် mainကို ကနဦးထားပြီး အလုပ်စလုပ်ရတယ်လေ။ပြီးတော့မှ သူထဲမှာ ရေးထားတဲ့ intstruction တွေကိုကြည့်ပြီး တစ်ခြာ Function တွေဆီ သွားလို့ရတာကိုး။ဒါကြောင့်မို့လို့ mainဟာ C Prongram ရဲ့အဓိက ကျောရိုးလို့ပြောရင် မမှားပါဘူး။ကောင်းပြီး၊ကျွန်တော်တို့ C Programming ကို အလွယ်ဆုံးနဲ့ အမြန်ဆုံးသိခြင်းပါတယ်။

ရမလာ ရပါတယ် ။လွယ်တာကို အရင်ပြောရင် မလွယ်စရာမရှိပါဘူး။အလွယ်ဆုံးသင်္ချာပုစ္ဆာလေးတစ်ပုဒ်ကို
C language နဲ့ ရေးကြည့်မယ်လေ၊ program ကတော့ စက်ဝိုင်းတစ်ခုရဲ့ ဧရိယာကိုရှာတဲ့ Program ပါပဲ။

EXAMPLE 1.1 This C Program reads the radius of a cirxle, calculates its area and then display the calculated result on the screen.
#inciude<stdio.h>
/*program to calculate the area of a circle*/
main()
{
float radius, area
printf ("Enter the radius:");
scanf ("%f",&radius);
area=3.141593*radius*radius;
printf ('Area=%f",area);
ဒီ program ကို run လိုက်မယ်ဆိုလို့ရှိရင် computer မှာ အခုလိုပေါ်လာမှာပါ။
Enter the radius;_5
Area# 78.539825
(5)ဂဏာန်ကို မျဉ်းတားထားတဲ့ အဓိပ္ပာယ်ကတော့ ဒီ data ကိုကျနော်တို့ ကိုယ်တိုင်း keyboardကနေ ရိုက်ထည့်ပေးရမယ်လို့ ဆိုလိုပါတယ်။မျဉ်းတားထားတာကို တွေ့ရင် input data တွေလို့မှတ်လိုက် ပါ ။ ထွက်လို့ချက်လို့ ရတဲ့အဖြေတွေဆိုရင် မျဉ်းမတားပါဘူး၊ ရှင်းပါတယ်နော်။
ကောင်းပြီး EXAMPLE 1.1က C Porgram ကို တစ်ကြောင်းချင်းအဓိပ္ပာယ် ဖော်ကြည့်ရအောင်။
၁။ C Progam ကို ရေးတဲ့အခါမှာ အများအားဖြင့် စာလုံးအသေး (Lowercase letter ) နဲ့ပဲ ရေးလေ့ရှိပါတယ်။
C Programmer တွေရဲ့ စတိုင်းပဲခေါ်မလာ မသိဘူး။စာလုံးအကြီးတွေနဲ့ ရေးလည်ရတော့ရတာပါပဲ။ဒါပေမယ့် တစ်ခုသတိထားရမှာက C language မှာ Lowercase letter နဲ့ Uppercase letterတို့ဟာ အဓိပ္ပာယ်မတူဘူးနော်။
ဘာပြုလို့လဲဆိုတော့ AUNG.Aung aungဆိုတာတွေဟာ အမျိုးမတူတဲ့ variable nameတွေပါပဲ။ အသုံးပြုတဲ့ အခါမှာ သတိထားဖို့ လိုပါတယ်။လိုင်းနံပါတ်(၁)မှာ stdio.h ဆိုတဲ့ header ဖိုင်တစ်ခုပါပါတယ်။
အခု ပုစ္ဆာ မှာ သူမပါလည် progaram က runပါတယ်။
၂။လိုင်နံပါတ်(၂)မှာ ရေးထားတဲ့ statement ကတော့ C programရဲ့ ရည်ရွယ်ချက်ကို သိအောင်တေးမှတ်ထားတဲ့ မှတ်ချက်တစ်ခုပါပဲ။commentလို့လည်း ခေါ်ပါတယ်။ ဒီစာတွေကို ဒီသင်္ကေတနှစ်ခု /* */နဲ့ ရှေ့နောက် ပိတ်ထားမယ်ဆိုလို့ရှိရင် computer ကမှတ်ချက်မှန်းသိသွားပါပြီး။ C program ကိုrun တဲ့အခါမှာ ဒီစာကြောင်းတွေ ကို ကျော်သွားပါလိမ့်မယ်။BASIC language က REM နဲ့သဘောအတူတူပါပဲ။
၃။ လိုင်းနံပါတ် (၃) ကတော့ main ဆိုတဲ့ function ကိုရေးထားတာပါ။mainနောက်မှာ ဗလာဖြစ်နေတဲ့ ကွင်းနှစ်ခု ရဲ့ အဓိပ္ပာယ်ဟာဆိုရင်ဒီ function အတွက် argument(ငြင်ခုံချက်) မရှိဘူးလို့ဆိုလိုပါတယ်။
၎။ လိုင်းနံပါတ် (၄)မှာ brace ဆိုတဲ့ သင်္ကေတတစ်ခု { ကိုရေးထားပါတယ်။ open braceရဲ့ အဓိပ္ပာယ်ကတော့ main program စပြီးလို့ ပြောလိုက်တာပါပဲ။
၅။ လိုင်းနံပါတ် (၅)ကျတော့ C program မှာ အသုံးပြုမယ့် varible တွေရဲ့ typeကို declare လုပ်ပေးတာဖြစ်ပါ တယ်။type declaration section လို့ မှတ်ထားလိုက်ပါ။ radius နဲ့ areaတို့ဟာဆိုရင် ဒဿမကိန် အမျိုး အစားတွေ (floating-point number) လို့ကြော်ညာလိုက်တာပဲ ဖြစ်ပါတယ်။
၆။ လိုင်းနံပါတ်(၆) ကျတော့ printf ဆိုတဲ့ commmand ကို အသုံးပြုပြီး computer screen မှာ Enter the radius ဆိုတဲ့ message ပေါ်လာအောင် လုပ်ခိုင်းတာပါ။အဲလို လုပ်တာကို computer စကားနဲ့ပြောမယ်ရှိရင် information ကို prompt လုပ်ခိုင်းတယ်လို့ ခေါ်ပါတယ်။
၇။ လိုင်းနံပါတ်(၇) မှာကျတော့ scanf ဆိုတဲ့ command ကို သုံးထားတာကြောင့် radiusအတွက် data ကို keyborad ကနေ ကျနော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။
၈။ လိုင်းနံပါတ်(၈) ကတော့ assignment statemant ပါ။ area ရဲ့တန်ဖိုးကို ပုံသေနည်းသုံးပြီး ရှာလိုက်တာပါပဲ။ ဒီ statemant ကို execute(ဆောင်ရွက်) လုပ်ပြီးတာနဲ့ area ရဲ့တန်ဖိုးဟာ စက်ထဲမှာ အဖြေရနေပါပြီ။
၉။အခုဆိုရင် radius နဲ့area တို့ရဲ့ တန်ဖိုးတွေကို computerက သိနေပြီလေ။ဒါပေမယ့် ကျနော်တို့က ဒီအဖြေကို မတောင်းဘဲနဲ့ computerကအလိုက်သိသိ၊သဘောကောင်းစွာနဲ့ အဖြေထုတ်ပေးမှာ မဟုတ် ပါဘူး ။တောင်းပုံတောင်းနည်း က လိုင်နံပါတ် (၉)မှာ ပြထားတဲ့ အတိုင်း printf command ကို သုံးပြီးတောင်း၇ပါတယ်။ အဲဒီအခါကျမှ computer screen ပေါ်မှာ Area=78.539825 လို့ ပေါ်လာမှာပါ။
၁၀။ ကျနော်တို့ရေးထားတဲ့ C programဟာ ဒီမှာတင် ဆုံးခန်းတိုင်သွားပါပြီး။အဲဒါ computer ကိုအသိပေးဖို့ အတွက် နောက်ဆုံး statement မှာ closing barce } သင်္ကေတနဲ့ ပိတ်ပေးလိုက်ပါ။အခုမှ program တကယ် ပြီး သွားပါပြီ။ C program ဆိုတာ ဒါပါပဲ ။ဒါနဲ့ ကျနော် တစ်ခုအသိပေးဖို့ ကျန်သွားပါတယ်။ ဘာလဲဆိုတော့ C program statemant တွေကို ရေးပြီးတိုင်း statemant တစ်ခုဆုံးသွားရင် semicolon(;) သင်္ကေတနဲ့ အဆုံးသတ်ပေးဖို့ မမေ့ပါနဲ့။ အဲဒါ ကျန်သွားရင်တော့ computer က အားကြီး စိတ်ဆိုးပြီး အမှားပေးပါလိမ့်မယ်။
၁.၂ C Character Set
C program ဆိုတာ အဓိကအားဖြင့်တော့ constant ၊ variable ၊ expression(ဖော်ပြချက်) ဆိုတဲ့ item (၁)မျိုးနဲ့ ဖွဲ့စည်းထားတာပါ။ ဒီဥစ္စာတွေကို ဖော်ပြဖို့အတွက် C မှာ chararcter set တွေရှိပါတယ်။
A ကနေ Z အထိ uppercase letter တွေ၊ a ကနေ z အထိ lowercase lettter တွေ၊ သုညကနေ ၉ အထိ ဂဏာန်းအက္ခရာတွေနဲ့ အတူတူ special character တွေလည်း မျိုးစုံပါပဲ။အဲဒီ special character တွေ ကို အောက်ဖော်ပြထားပါတယ်။လေ့လာကြည့်ပါ။
! * + \ " <
# ( = | { >
% ) ; , } /
ဆက်လက်ဖော်ပြပါမည်

No comments:
Post a Comment