စစ်နိုင်(suran) စစ်နိုင်(suran) /* Flying Css3 menu www.bloggertrix.com*/
စစ်နိုင်(suran)blog မှ လှိုက်လှဲစွာကြိုဆိုပါသည်
စစ်နိုင်(suran) မှ လှိုက်လှဲစွာကြိုဆိုပါသည်

မိမိရဲ့ Website မှာ စီးပွားရေး ကြော်ငြာထည့်ရန်အတွက်

Thursday, July 11, 2013

Html Text Formating ဆိုတဲ့ စာသားတွေရဲ့ သင်ခန်းစာ


HTML Text Formatting
သင့်ဆိုက်မှာ အသုံးပြုတဲ့စာလုံးတွေကို လိုသလို ပုံစံပြောင်းလို့ရပါတယ်၊ ဒီလိုလုပ်တာကိုတော့ Text Formatting လို့ခေါ်ပါတယ်၊ HTML မှာ Text
Formatting ရဲ့ ကဏ္ဍ ကလဲ ကျယ်ပြန့်လှပါတယ်၊ ဒီသင်ခန်းစာမှာတော့ အသုံး အများဆုံး Text Formatting တွေအကြောင်းလေ့လာသွားရပါမယ်၊


Bold Tag
စာလုံးတွေကို အထူတွေဖြစ်သွားစေချင်ရင်သုံးရတာကတော့ bold tag ဖြစ်တဲ့ အဖွင့် <b> နဲ့ အပိတ် </b> စာလုံးအကြီးဖြစ်စေလိုတဲ့
စာသားရဲ့ ရှေ့နဲ့နောက်တို့မှာရေးရပါတယ်၊ အောက်မှာဥပမာ ကြည့်ပါ၊
what path should i <b>choose</b> in my future life?
အထက်က စာကြောင်းကို Run ကြည့်ပါ၊ choose ဆိုတဲ့စာလုံးရဲ့ ရှေ့နဲ့ နောက်မှာ <b> အဖွင့်နဲ့ </b> အပိတ်တို့ကိုထည့်ထားတဲ့အတွက် အဲ့ဒီ့စာလုံး
choose က စာလုံးထူဖြစ်နေပါလိမ့်မယ်၊


Italic Tag
စာလုံးတွေကို အစောင်း စာလုံး တွေဖြစ်သွားစေချင်ရင်သုံးရတာကတော့ Italic tag ဖြစ်တဲ့ အဖွင့် <i> နဲ့ အပိတ် </i> စာလုံးတစ်စောင်း ဖြစ်စေလိုတဲ့
စာသားရဲ့ ရှေ့နဲ့နောက်တို့မှာရေးရပါတယ်၊ အောက်မှာဥပမာ ကြည့်ပါ၊
what path should i <i>choose</i> in my future life?
အထက်က စာကြောင်းကို Run ကြည့်ပါ၊ choose ဆိုတဲ့စာလုံးရဲ့ ရှေ့နဲ့ နောက်မှာ <i> အဖွင့်နဲ့ </i> အပိတ်တို့ကိုထည့်ထားတဲ့အတွက် အဲ့ဒီ့စာလုံး choose
က စာလုံးတစ်စောင်း ဖြစ်နေပါလိမ့်မယ်၊


Subscripted Tag
တစ်ချို့စာလုံးတွေကိုပုံမှန်စာကြောင်းရဲ့အောက်မှာရောက်စေချင်ရင် subscripted tag ကို သုံးရပါတယ်၊ အဖွင့်ကို <sub> အပိတ်ကို </sub>
လို့ထည့်သုံးရပါတယ်၊ အောက်မှာဥပမာကြည့်ပါ၊
what path should i <sub>choose</sub> in my future life?


Superscripted Tag
တစ်ချို့စာလုံးတွေကိုပုံမှန်စာကြောင်းရဲ့ အပေါ်မှာရောက်စေချင်ရင် superscripted tag ကို သုံးရပါတယ်၊ အဖွင့်ကို <sup> အပိတ်ကို </sup>
လို့ထည့်သုံးရပါတယ်၊ အောက်မှာဥပမာကြည့်ပါ၊
what path should i <sup>choose</sup> in my future life?
အထက်က ကုတ်ကို Run ကြည့်လိုက်ရင် choose က စာကြောင်းရဲ့  အပေါ်ဖက်ကို ရောက်နေပါလိမ့်မယ်၊


Text Formatting
အောက်မှာ အသုံးဝင်မယ့် Text formatting တွေကို ဇယားနဲ့ ရေးပေးလိုက်မယ်၊ အောက်မှာရေးထားတာတွေကို တစ်ခုစီစမ်းကြည့်ပါ၊ အပိတ်မှာ
မျဉ်းစောင်းခံဖို့တော့မမေ့နဲ့၊


 သုံးရမယ့် Tags များ အဓိပ္ပါယ်၊
 <br>   </b> စာလုံး အထူဖြစ်စေလိုရင်သုံးရန်၊ စာလုံး အထူဖြစ်စေလိုတဲ့စာသားရဲ့ ရှေ့မှာ <b> ထည့်၍ နောက်မှာ </b> ထည့်ရန်၊
 <big> </big> စာလုံး အကြီးဖြစ်စေလိုရင်သုံးရန်၊ စာလုံး အကြီးဖြစ်စေလိုတဲ့ စာသားရဲ့ ရှေ့မှာ <big> လို့ထည့်၍ နောက်မှာ </big> လို့ထည့်ရန်၊
 <em> </em> အလေးအနက်ဖြစ်စေလိုရင် သုံးရန်၊ အရေးကြီးကြောင်း အလေးအနက် ဖြစ်စေလိုတဲ့စာလုံးရဲ့ ရှေ့မှာ <em> ထည့်၍ နောက်မှာ </em> ထည့်ရန်၊
 <i> </i> စာလုံးတစ်စောင်း ဖြစ်စေလိုရင်သုံးရန်၊ စာလုံးတစ်စောင်းဖြစ်စေလိုတဲ့ စာသားရဲ့ ရှေ့ မှာ <i> ထည့်၍ နောက်မှာ </i> ထည့်ရန်၊
 <small> </small> စာလုံး အသေးဖြစ်စေလိုရင်သုံးရန်၊ စာလုံး အသေးဖြစ်စေလိုတဲ့ စာသား ရဲ့ ရှေ့မှာ <small> ထည့်၍ နောက်မှာ </small> ထည့်ရန်၊
 <strong> </strong> စာလုံး အထူဖြစ်စေလိုရင်သုံးရန်၊ စာလုံး အထူဖြစ်စေလိုတဲ့စာသားရဲ့ ရှေ့မှာ <strong> ထည့်၍ နောက်မှာ </strong> ထည့်ရန်၊
 <sub> </sub> စာလုံးတစ်လုံး (သို့) စာတစ်ကြောင်းကို သာမန်စာကြောင်းရဲ့ အောက်ကိုရောကိသွားစေချင်ရင် စာလုံးရဲ့ရှေ့မှာ <sub> ထည့်၍ နောက်မှာ </sub>ထည့်ရန်
 <sup> </sup> စာလုံးတစ်လုံး (သို့) စာတစ်ကြောင်းကို သာမန်စာကြောင်းရဲ့ အထက် ကိုရောကိသွားစေချင်ရင် စာလုံးရဲ့ရှေ့မှာ <sup> ထည့်၍ နောက်မှာ </sup>ထည့်ရန်

No comments:

Post a Comment

စစ်နိုင်(suran)ူ
စစ်နိုင်(suran)blog မှ လှိုက်လှဲစွာကြိုဆိုပါသည်
Myanmar Calendar
seo