စစ်နိုင်(suran) စစ်နိုင်(suran) /* Flying Css3 menu www.bloggertrix.com*/
စစ်နိုင်(suran)blog မှ လှိုက်လှဲစွာကြိုဆိုပါသည်
စစ်နိုင်(suran) မှ လှိုက်လှဲစွာကြိုဆိုပါသည်

မိမိရဲ့ Website မှာ စီးပွားရေး ကြော်ငြာထည့်ရန်အတွက်

Thursday, July 18, 2013

Android Applications ရေးနည်း (၅)

https://dl.dropbox.com/u/94729309/how%20to%20create%20android%20applications%20%285%29.docx



Android Application ရေးနည်း (၅)
Discussion
ဒီသင်ခန်းစာတွေကို tutorial သဘောမျိုးရေးခဲ့တာမို့ လက်တွေ့လုပ်ဆောင်ရမယ့်အပိုင်းတွေကိုဦးစားပေးရေးခဲ့ပါတယ်။ ဒီတစ်ခါတော့ ရှေ့က သင်ခန်းစာတွေကိုပြန်ပြီး ရှင်းလင်းသွားမှာဖြစ်ပါတယ်။
လက်တွေ့လုပ်ငန်းတွေစတင်ဘို့ Android SDK ကိုအရင်ဒေါင်းလုပ်ဆွဲရမှာဖြစ်ပါတယ်။
ဒေါင်းလုပ်ဆွဲပြီးရင် install လုပ်ရပါမယ်။ ဘယ်မှာ install လုပ်မယ်ဆိုတာရွေးပေးရပါတယ်။ ကောင်းတဲ့အလေ့တစ်ခုကတော့ D: drive အောက်မှာထားတာဖြစ်ပါတယ်။ ဥပမာ D:\sdk ပေါ့။ sdk မဟုတ်လည်းကြိုက်ရာအမည်ပေးလို့ရပါတယ်။ D drive မရှိရင်လည်းကြိုက်ရာနေရာမှာထားနိုင်ပါတယ်။
ပုံမှာပြထားတဲ့အတိုင်း Start SDK Manager ကို check လုပ်ထားပြီး latest SDK tools တွေနဲ့ platform တွေကို download ဆွဲနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ platform ဘေးမှာ check လုပ်ပြီး Install * packages ကို click လုပ်ရုံပါဘဲ။ (* = number of packages)
Android 4.2 ကို download ဆွဲထားနိုင်ရင်ကောင်းပါတယ်။ (အင်တာနတ်ဖွင့်ပြီးလုပ်ရမှာပါ။)
ခု မဆွဲသေးဘူး နောင်လိုမှဆွဲမယ်ဆိုလည်း sdk folder (Android SDK ကို install လုပ်ခဲ့တဲ့နေရာ) ထဲက SDK Manager ကိုသုံးပြီးဆွဲလို့ရပါတယ်။
နောက်တစ်ခုက eclipse ကို download ဆွဲပြီး unzip လုပ်ဘို့ပါ။
Eclipse မသုံးဘဲ အခြား IDE သုံးလည်းရပါတယ်။ ဒါပေမယ့် ဒီသင်ခန်းစာတွေမှာ eclipse ကိုဘဲအသုံးပြုသွားမှာပါ။
Eclipse မှာ android application တွေရေးနိုင်ဘို့ ADT Plugin ကို install လုပ်ပေးရပါဦးမယ်။
ဒါတွေအားလုံးအသင့်ဖြစ်ရင်တော့ စတင်လို့ရပါပြီ။
Project တစ်ခုကို create လုပ်တဲ့အခါ eclipse ကိုအသုံးပြုသလို command line tools ကိုလည်းအသုံးပြုလို့ရပါတယ်။ ဒီမှာတော့ eclipse ကိုသာအသုံးပြုသွားမှာဖြစ်ပါတယ်။
ကိုယ် create လုပ်ထားတဲ့ application ကို run တဲ့အခါမှာလည်း မိုဘိုင်းဖုန်းပေါ်မှာ run နိုင်သလို emulator ပေါ်မှာလည်း run နိုင်ပါတယ်။ နည်းလမ်း ၂ ခုလုံးကိုဖော်ပြပြီးသားမို့ကြိုက်ရာနည်းကိုသုံးနိုင်ပါတယ်။

No comments:

Post a Comment

စစ်နိုင်(suran)ူ
စစ်နိုင်(suran)blog မှ လှိုက်လှဲစွာကြိုဆိုပါသည်
Myanmar Calendar
seo